Ep.33 (U)

2.4K 90 18
                                    

သူနဲ့နေ ပြန်လည်ကာ
အဆင်ပြေလို့လာသည်။
နေကသူ့ကိုချစ်တယ်တဲ့။ သူဘယ်လိုယုံရမလဲ။ နေကအမြဲမိန်းမလှလေးတွေနဲ့ တစ်ယောက်ပြီးတစ်ယောက်တွဲလာခဲ့တာမဟုတ်လား။ မြန်မာနိုင်ငံတုန်းကသာ နေကခြေငြိမ်နေခဲ့ပြီး ဒီမှာကျောင်းတက်တဲ့ နှစ်တွေအတွင်းမှာ အတော်လေးခြေရှုပ်နေခဲ့တာ သူအသိဆုံးပါ။ နေ့အချစ်ကိုသူချက်ချင်းလက်မခံရဲပါ။ နေ့ရဲ့မယုံရဲတာလဲပါသည်။ နေကလေ " မင်းကိုဒီနေ့ကစပြီးလိုက်တော့မယ်"လို့ပြောတုန်းက သူဘယ်လောက်တောင်ရင်ခုန်သံတွေ ပြောင်းဆန်နေခဲ့ရသလဲဆိုတာကတော့ သူကိုယ်တိုင်အသိဆုံးမဟုတ်လား။ သူနေ့ကိုစောင့်ကြည့်ချင်သေးပါသည်။

မာန်ဝေသူ့ဘေးနားမှာ အိပ်ပျော်နေတဲ့ နေ့ကိုကြည့်ရင်း သက်ပျင်းမောတစ်ခုကိုချမိလိုက်သည်။ ညကအနာရှိန်ကြောင့် နေ,နေမကောင်းဖြစ်လို့ သူပြုစုလိုက်ရသေးသည်။ အခုတော့သူမဟုတ်သလိုအိပ်နေတဲ့ နေ့မျက်နာလေးကို နေအိပ်မောကျနေတဲ့အချိန်မှာ သူခိုးငေးနေရသေးသည်။ နေကလေ အိပ်နေတာတောင် ခန့်ညားနေတယ်။ နဖူးပေါ်ကျနေတဲ့ ဆံပင်အချို့၊ ပြေပြစ်ကာချောမောနေတဲ့ နေ့မျက်နာဟာ အပြစ်ဆိုစရာတစ်ကွက်မျှမရှိ။ စိတ်၏အလျင်ထက် လက်ကပိုမြန်နေသည်။ အိပ်မောကျနေတဲ့ နေ့နဖူးပေါ်က ဆံပင်စတို့ကိုလက်နဲ့သပ်တင်လိုက်သည်။ မဟာဆန်သောနဖူးလို့ပြောရမလား။ အင်း...အိပ်ပျော်နေတဲ့နေ့ကိုကြည့်ရင်း ကဗျာတွေစာတွေတောင်ဖွဲ့နွဲ့သွားချင်မိတဲ့အထိ။ အလိုမကျမှု့တို့က အိပ်မက်ထဲအထိဝင်ရောက် နှောက်ယှက်နေပုံရသည်။ မျက်မှောင်တို့က စုကျုံ့ထားပုံက ဘာကိုအလိုမကျဖြစ်နေတယ်မသိ။ ကျုံ့နေတဲ့ မျက်ခုံးနှစ်ဖက်ကို မာန်ဝေလက်နဲ့အသာလေး ဆွဲဆန့်ပေးမိသည်။ အနည်းငယ်လူးလွန့်လာတဲ့ နေ့ကြောင့်မာန်ဝေအိပ်ယာပေါ် အလန့်တကြားပြန်အိပ်ချင်ယောင်ဆောင်ရပြန်သည်။ နေကအအိပ်စက်တဲ့သူမဟုတ်ပေမယ့် သူ့အနားကိုထိရင် အနည်းငယ်မကြိုက်တဲ့ သူပုံစံက အခုသူထိလိုက်မိတာကြောင့် နိုးသွားမလားဆိုတဲ့ အတွေးကြောင့် မာန်ဝေမျက်လုံးအစုံကို တင်းတင်းမှိတ်ကာ အိပ်ချင်ယောင်ဆောင်မိသည်။ မာန်ဝေမျက်လုံးများမှိတ်ထားပါသော်လည်း နားကတော့စွန့်နေမိသည်။ နေများနိုးသွားမလားဆိုသောစိတ်ကြောင့် မျက်လုံးတို့ကိုဖွင့်မကြည့်ရဲသေးပါ။ အချိန်အနည်းငယ်ကြာတဲ့အထိ လှုပ်ရှားသံမကြားတော့မှ သူမျက်လုံးဖွင့်ကြည့်မိလိုက်တော့ သူ့ကိုစူးစိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့တိုးတဲ့အခါမှာ မာန်ဝေလန့်သွားရသည်။ ဟန်မဆောင်နိုင်အောင် လန့်သွားတဲ့သူ့ကို နေကအပြုံးတစ်ခုနဲ့ ဆီးကြိုလိုက်သလိုပင်။ နေ့ရဲ့အပြုံးတွေကို မာန်ဝေသတိလက်လွှတ်ငေးကြည့်နေမိသည်။

Abstarct Of Love (Z&U)Where stories live. Discover now