" အခုတလော ဖေဖေ့မျက်နာလဲမကောင်းပါလားမေမေ။ အလုပ်ကိစ္စတွေအဆင်မပြေလို့များလား။"
လင်းကိုကို အရိပ်အကဲသိနေတဲ့သူတစ်ယောက်မို့ ဖေဖေမျက်နှာပျက်နေတာကို သတိထားမိသည်။ သူသတိထားမိတာ အင်း...၃ရက်လောက်တော့ရှိပြီထင်သည်။ ဟိုစာအိတ်ရောက်တဲ့နေ့ကပင်။ ဖေဖေစာအိတ်ကို စာတိုက်ဘောက်ငယ်လေးထဲကနေထုတ်ယူကာ ဘေးဘီဝဲယာကိုတစ်ချက်ကြည့်လိုက်သည်။ ဘယ်သူမှမရှိဘူးဆိုတာသေချာမှ စာအိတ်ကိုယူကာ အိမ်ထဲဝင်လာတာကို လင်းကိုကိုအပေါ်ထပ်ရှိ သူ၏အိပ်ခန်းကပြတင်းပေါက်ကနေတစ်ဆင့်မြင်နေရတာမို့ ဖေဖေပုံစံကတစ်ခုခုကို သိုဝှက်ထားပုံရသည်။ အရင်ကဘောက်ထဲက စာအိတ်တွေကို ဘယ်သူမှမယူ။ ဖေဖေတစ်ယောက်သာယူလေ့ရှိသည်။ အိမ်ရှိလူကုန်ကို ပြောထားတာကြောင့်လဲပါသည်။
" သားစိတ်ထင်လို့နေမှာပါ။"
ဒေါ်ခင်မမသားဖြစ်သူ ဘေးနားဝင်ထိုင်ကာပြောလိုက်ခြင်းဖြစ်သည်။ အမှန်တော့ လင်ယောကျ်ားဖြစ်သူရဲ့ အလုပ်နဲ့ပတ်သက်ပြီး သူမအနည်းငယ်သိထားပါသည်။ ဒါပေမယ့်သူမ မသိသလိုသာနေခဲ့သည်။
" အင်း တဖြည်းဖြည်းနဲ့သားကရိပ်မိလာတော့မယ်။"
ဒေါ်ခင်မမသက်ပြင်းရှည်ဆွဲကာ ပင့်သက်ချမိသည်။ လင်ယောကျ်ားရဲ့စီးးပွားရေးလုပ်ငန်းဖြစ်တဲ့ companyကို ဗန်းပြကာနောက်ကွယ်မှာ ဘိန်းကုန်ကူးနေတယ်ဆိုတာကိုသာ သားလေးသိသွားခဲ့ရင်...။ ထိုသတင်းသာပျံ့နှံ့သွားခဲ့ရင် သားကျောင်းမှာ ဘယ်လောက်အရှက်ရလိုက်မလဲ။လင်ယောကျ်ားဖြစ်သူကို မပြောရဲတာမဟုတ်ပါ။ ဒါပေမယ့်သတိတော့ သူမပေးရမည်။
*******
ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တာကြောင့် အထာတစ်ယောက် အိမ်ထဲမှာပဲခြေရှုပ်မိနေလေရဲ့။ အိမ်အပေါ်ထပ်က သူ့အခန်းကtvကိုမကြည့်ပဲ ဧည့်ခန်းကtvမှာ အခွေထိုးကြည့်နေလေသည်။ အထာတစ်ယောက် စားချင်တဲ့မုန့်ကို မနက်ထဲကရေခဲသေတ္တာထည့်ထားသည်။ မနက်ကအန်တီမြတ်နိုးစျေးသွားတာကြောင့် စျေးကနေ နေကြာစေ့ထုပ်တွေနဲ့အချဥ်ပေါင်းထုပ်တွေကို ဝယ်လာခိုင်းထားသည်။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...