ဖန်တီးတို့ တည်းရမည့်နေရာကို ညနေစောင်းလောက်ပင်ရောက်သည်။ အားလုံးဟာ ရွာနဲ့သိပ်မဝေးတဲ့ Guest houseမှာပင်တည်းကြသည်။
ကျောင်းသားများနဲ့ကျောင်းသူမှာ ခွဲလိုက်သောအခါ မိန်းကလေးတွေက အယောက်၂၀ဖြစ်ကာ၊ ယောကျ်ားလေးတွေက အယောက်၃၀ဖြစ်သည်။
ဆရာတွေကမိန်းကလေးတွေမို့ အခန်းတစ်ခန်းကို ၃ယောက်တစ်တွဲတည်းခိုင်းကာ၊ ယောကျ်ားလေးတွေကလဲ အဲ့အတိုင်းပင်။ အထာနဲ့ဖန်တီးကတော့ နှစ်ယောက်တစ်ခန်းယူကာ ၊ မာန်ဝေနဲ့နေလင်းအောင်ရယ် လင်းကိုကိုရယ်ကတော့တစ်ခန်းနေသည်။
အားလုံးအခန်းထဲရောက်တာနဲ့ ကိုယ်ကျောမှာလွယ်ထားတဲ့ အထုတ်အပိုးပစ်ချကာ ကုတင်ပေါ်ပစ်လှဲတဲ့သူကလှဲ၊ ရေချိုးမည့်သူက ရေချိုးရန်ပြင်နေကြသည်။ အားလုံးဟာ ခရီးဝေနှင်လာကြတာမို့ရယ်၊ တောင်ပေါ်လမ်းအကွေ့အကောက်ပေါင်းများစွာအပြင် အတက်အဆင်းများဟာလဲ မရေတွက်နိုင်။ အထာဆိုလျှင် ကားမူးပြီးအန်တာဆို စားထားသမျှအကုန်ပင်။
ညနေလဲစောင်းနေတာမို့ မနက်ဖြန်မနက်ကျမှ ထိုရွာလေးကို သူတို့အားလုံးသွားကြမည်။အကုန်လုံးဟာ ပိုက်ဆံရှိတဲ့သားသမီးတွေဖြစ်ကြသော်လည်း ဆရာစီစဥ်ပေးတဲ့အတိုင်းသာနေကြရသည်။ ထိုအထဲမှာတော့ အထာနဲ့သူတို့အဖွဲ့မပါခဲ့။ အထာကခရီးမထွက်ခင် အချိန်ထဲက ဆရာ့ကိုပြောပြီးသားရယ်မို့ ထွေထူးစွာ ဆရာကပြောမလာခဲ့ပါ။
" ဖန်မင်းကိုငါကြည့်နေတာ အရင်ရက်ကတွေလိုမဟုတ်ဘူးနော်။"
" မင်းစိတ်ထင်လို့ပါကွာ။ ငါကမင်းချစ်တဲ့ဖန်တီးလေ။"
ဖန့်စကားတွေက မှန်နေတာမို့ အထာမျက်နာလေးပြုံးရယ်နေမိသည်။ အထာစိတ်ထင်လို့နေမှာပါ။
" မင်းဘာမှမဖြစ်ဘူးဆိုလဲ ပြီးသာပါပဲ။ ငါကမင်းကိုစိတ်ပူတာကြောင့်ပါ။"
" အင်း စိတ်မပူပါနဲ့။ ငါကခရီးရှည်ထွက်ရင် နည်းနည်းပင်ပန်းတက်လို့။"
ဖန့်မျက်နာကို ညှိုးရော့နေသည်။ ဖန်တကယ်ပဲ ပင်ပန်းနေပုံပေါက်သည်။
" အင်း မင်းရေချိုးပြီး ငါတို့ညစာစားကြမယ်လေ။ ဒါပြီးမှအိပ်လိုက်ပေါ့။ ဆရာကလဲမနက်ကို ၆နာရီလောက်မှလူစုခိုင်းထားတာဆိုတော့... "
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...