ဒီနေ့ဟာ တနင်္ဂနွေနေ့.....
ကျောင်းပိတ်ရက်ရဲ့ နှစ်ရက်မြှောက်သောနေ့ဖြစ်သလို သူပျင်းနေရတာက နာရီပေါင်းအတော်ကြာလို့နေပြီ။ ဖန်ကလဲကျောင်းပိတ်ရက်အတွင်း ဖုန်းတောင်တစ်ချက်လေးမဆက်။
အတော်နေနိုင်တဲ့ဖန်။.ငါကသူ့ချစ်သူမှဟုတ်ရဲ့လား။
အထာတစ်ယောက် ပွစိပွစိနဲ့မကျေမနပ်ရေရွတ်နေမိသည်။
အထာမနေ့ကအကြောင်းက ခေါင်းထဲကိုတိုးဝင်လာပြန်သည်။ အထာမကျေနပ်ပါ။ ကိုဥာဏ်နကသူ့ကိုချစ်သည်တဲ့။ သူလိုလူအတွက်က လူမရှားပါဘူး။ကိုယ်လဲမကြိုက်တာမို့ အပြတ်ငြင်းခဲ့လိုက်သည်။.ဒီဆုံးဖြတ်ချက်က သူ့အတွက်မှန်သည်။ ဖန်တစ်ယောက်သာ သူ့ရဲ့အချစ်ရဆုံးသူမဟုတ်လား။ ဖန်ကလွဲပြီးကျန်တဲ့ ဘယ်သူ့ကိုမဆို အထာချက်ချင်းငြင်းပစ်တက်သည်။ အခုလဲဒီလိုပဲ။
အထာဖုန်းနံပါတ်တစ်ခုကို နိပ်ရန်လက်တွန့်နေမိသည်။ ခေါ်ရင်ကောင်းမလား မခေါ်ရင်ကောင်းမလားစဥ်းစားနေမိသည်။
" Ring Ring...."
ဖုန်း၏vibrationက မြည်လာသည်။ အထာတွေးနေရင်းမှ ဖန့်ဆီကဖုန်းမို့ ပျော်ရွှင်သွားရသည်။
" ဟယ်လို ဖန်"
"အင်း...အထာမင်းသတင်းတွေ့ပြီးပြီလား။"
" ဘယ်သတင်းလဲဖန်။ ငါဘာမှမသိသေးဘူး။"
ဖန်ပြောတာတွေကို အထာဘာတစ်ခုမှနားမလည်တာမို့ ပြန်မေးလိုက်ခြင်းဖြစ်သည်။ သူမနေ့ကအပြင်ကပြန်လာတဲ့အချိန်ထဲကနေ အခုချိန်ထိ fbမသုံးဖြစ်သေးတာကြောင့်ဖြစ်သည်။
" လင်းကိုကို ညကအသတ်ခံလိုက်ရတယ်တဲ့။ အခုသတင်းတွေက ပလူပျံနေပြီ။"
အထာအံ့သြကာ ဖန်ကိုပင်စကားမပြောနိုင်လောက်အောင် စွံ့အနေမိသည်။
" အထာ အထာ။ ဘာဖြစ်သွားတာလဲ။"
တကြော်ကြော်ခေါ်နေတဲ့ ဖန့်ရဲ့အသံတွေကိုပင် ထာဝရဂရုမပြုနိုင်အား။ ဖုန်းကိုအမြန်ချကာ intrenetဖွင့်ကာ fbကိုဝင်ကြည့်လိုက်သည်။ ခနအကြာတော့ သတင်းတစ်ပုဒ်ကိုတွေ့လိုက်ရသည်။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...