အထာတစ်ယောက် ဖန်တီးကိုဖုန်းဆက်ကာ အပြင်လျှောက်လည်ရန်ဖုန်းဆက်ထားတာကြောင့် ဖန်တီးရောက်လာရင် အဆင်သင့်ဖြစ်နေစေရန် အသင့်ပြင်ထားသည်။ သိပ်အကြာကြီးမစောင့်လိုက်ရ ခြံဝန်းထဲကိုမောင်းဝင်လာတဲ့ ဖန့်ရဲ့ကားအပြာရောင်လေး။ ကားစက်သပ်လိုက်တာနဲ့ အထာအိမ်ထဲကနေ ဖန်ရှိရာကားလေးဆီကိုအပြေးသွားမိသည်။
" မင်းကလဲကြာလိုက်တာ။ ငါဒီမှာမျှော်နေတဲ့သူကသစ်ကုလားအုတ်လိုဖြစ်နေပြီ။"
အထာတမင်သက်သက်အမူပိုကာ နှုတ်ခမ်းလေးစူကာပြောလိုက်ခြင်းဖြစ်သည်။ တကယ်တော့ သူအဝတ်အစားလဲထားရုံကလွဲလို့ ဘာမှသိပ်မပြင်လိုက်ရသလို၊ တမင်စောင့်နေခဲ့ခြင်းမျိုးမဟုတ်။ အိမ်ခန်းထဲမှာဖုန်းသုံးနေခဲ့ခြင်းဖြစ်သည်။
" ဟုတ်လား ကိုယ်တောင်းပန်ပါတယ်ကွာ။ ကိုယ်အိမ်ကထွက်လာတာ နည်းနည်းနောက်ကျသွားလို့ပါ။"
ဘာကြောင့်နောက်ကျသလဲလို အထာမမေးသော်လည်း ဖန်တီးအဖြေပေးမိလိုက်သည်။
" အင်း ရပါတယ်။ ငါကတမင်ပြောတာမျိုးမဟုတ်ပါဘူး။ မင်းမှာလဲ အကြောင်းကိစ္စကရှိနေမှာပဲလေ။ ဥပမာ မင်းရဲ့အလုပ်ကိစ္စတွေတွေပေါ့။"
ကားပေါ်တက်ထိုင်ရင်းအထာပြောလိုက်တာဖြစ်သည်။
အထာတစ်ယောက် ညနေစောင်းအချိန်ကဖန့်ကို အပြင်သွားရန်ဖုန်းဆက်လိုက်တာဖြစ်သည်။ပြွတ်!
အထာကားပေါ်ရောက်တာနဲ့ ဖန်တီးလည်တိုင်ကိုတစ်ချက်နမ်းလိုက်တာဖြစ်သည်။ ထိုနောက်အထာရဲ့နှုတ်ခမ်းသားတွေ ကွေးညွတ်ကာကျေနပ်သွားဟန်အပြုံးတစ်ခု နှုတ်ခမ်းပေါ်မှာဆင်မြန်းလျှက်ရှိသည်။
အထာရဲ့အပြုအမူကြောင့် ဖန်တီးထင်မှတ်မထားစွာ အံ့သြမိသည်။ လည်တိုင်ကိုလာရောက်ထိကပ်လာသော နှုတ်ခမ်းသားနွေးနွေးရယ်၊ ထွက်သက်နွေးနွေးရယ်ကြောင့် ဖန်တီးကြက်သီးလေးများပင်ထမိသည်။
" မောင်းတော့လေ ဘာကြောင်ကြည့်နေတာလဲ။"
အထာကအလိုမကျစွာနဲ့ ဆောင့်ဆောင့်အောင့်အောင့်ပြောလာမှ ဖန်တီးကားမောင်းရန်သတိပြုမိသည်။

YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...