မိုးမြင့်တစ်ယောက် အရက်တွေကြည့်လှိမ့်သောက်ကာ မိုးချုပ်မှန်းမသိချုပ်လာတော့သည်။ အရက်သောက်ထားတဲ့ အရှိန်ရယ် သားအတွက်ရင်နာလို့ မဆုံးဖြစ်ကာ ဝမ်းနည်းပြီးသောက်နေချင်းဖြစ်သည်။
" ငါ့သားကိုအခုလိုလုပ်တဲ့ကောင် မင်းနဲ့ငါနဲ့တွေကျပြီပေါ့။ မင်းလဲငါ့သားလိုပြန်ပြီး ခံစားစေရမယ်လို့ သာကတိပေးတယ်။"
မိုးမြင့်တစ်ယောက် ကြိတ်မနိုင်ခဲမရနဲ့ ကြုံးဝါးလိုက်သည်။ သူကြိမ်းဝါးနေတဲ့သူဟာ မည်သူမည်ဝါဆိုတာ မသိတာက အဆိုးဆုံးမဟုတ်လား။ မြန်မာနိုင်ငံရဲ့ ဘိန်းကူးရာဇာကြီးဖြစ်တဲ့ သူ့ကိုမှလာငြိတဲ့ကောင်ဟာ သာမာန်ထဲကတော့မဖြစ်နိုင်။ သူ့အကြောင်းကိုတော်တော်လေး လိုက်ပြီးစုံစမ်းထားပုံရသည်။ ဒါဆိုထိုသူက သူ့တို့ရဲ့အနီးအနားမှာပဲရှိနိုင်သည်။မိုးမြင့်တစ်ယောက် သူ၏ညာလက်ရုံးဖြစ်တဲ့ တိုက်မောင်းဆီကဖုန်းခေါ်လာတာမို့ ဖုန်းကိုသ်လိုက်ခြင်းဖြစ်သည်။
" အေး ပြောတိုက်မောင်း ဘာထူးလဲ။"
" ဟို ဟိုလေ ဆ.. ဆရာကြီး။"
" ဟိုတွေ ဒီတွေလုပ်မနေနဲ့ ပြောစရာရှိတာကိုပြောစမ်းတိုက်မောင်း။ ငါစိတ်မရှည်တက်ဘူးဆိုတာ မင်းသိပါတယ်နော်။"
" ဟုတ်ကဲ့ဆရာကြီး။ အခုinternetပေါ်မှာ video fileတစ်ခုပျံ့နေတယ်။ ဆရာကြီးရဲ့သား videoဖြစ်နေတယ်။"
ဦးမိုးမြင့်သည် တဟိုဟိုနဲ့ ထစ်အအလုပ်နေတဲ့ တပည့်ဖြစ်သူကြောင့် စိတ်မရှည်တက်တဲ့ သူ့အကျင့်ကြောင့် တိုက်မောင်းကိုငေါက်လိုက်သည်။ ထိုအခါမှထွက်ကျလာတဲ့ စကားဟာ သားရဲ့video fileတဲ့။ မိုးမြင့်နေ့လည်ကစာကို သတိရကာ internetဖွင့်လိုက်သည်။ တိုက်မောင်းပြောသလိုပင် ဒါကသားကိုမဒိမ်းကျင့်ရင်း ရိုက်ထားတဲ့ fileပင်။
မိုးမြင့်ကိုအရှက်ခွဲလိုက်ပုံက တစ်တိုင်းပြည်လုံးကရှိတဲ့သူတွေအကုန်သိကုန်ပြီ။ စီးပွားရေးလုပ်ငန်းရှင်များနဲ့ သူ၏အပေါင်းအသင်းများကြားထဲတွင် ရပ်တည်လို့မရအောင်တမင်ရည်ရွယ်ပြီး လုပ်တဲ့အရာဆိုတာသိရသည်။ Videoထဲတွင် မဖွယ်မရာပြုကျင့်နေပုံမှာ ရွံစရာကောင်းလွန်းလှသည်။ ဘယ်သူကဘယ်လိုတင်လိုက်တယ်မသိ ခနလေးအတွင်းမှာ မြန်မာနိုင်မှာတော့ အတော်လေးပျံ့နှံ့သွားတာမို့ ဘယ်လိုမှဖျက်ချမရအောင်ကိုပင် ပျံလို့နေပြီဖြစ်သည်။
KAMU SEDANG MEMBACA
Abstarct Of Love (Z&U)
FantasiWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...