Final Part (U)

9.2K 167 11
                                    

အရာအားလုံးပြီးဆုံးသွားချိန်မှာတော့ နာကျင်ရသူက ကျွန်တော်ပေါ့။ ကျွန်တော်သိခဲ့တဲ့ ဖေဖေရဲ့စိတ်ဟာ အလုပ်တွေအပေါ်စိတ်ဖိစီးမှု့များကာ ကိုယ့်ကိုသတ်သေခဲ့တယ်လို့ထင်ခဲ့မိတာ။ ဖန်ဆင်းကျတော့လဲ စိတ်ဝေဒနာခံစားနေရတာ သက်သာလာပြီး လူကောင်းတစ်ယောက်လိုဖြစ်နေခဲ့တာကိုပဲသိခဲ့တာလေ။ ကျွန်တော်ကသိပ်ကို တကိုယ်ကောင်းဆန်ခဲ့တယ်ထင်။ မေမေကလဲအကြောင်းစုံသိသွားခဲ့တဲ့နောက်မှာ အိပ်ယာထဲဘုန်းဘုန်းလဲလို့နေပြီ။ လုပ်ငန်းမှန်သမျှကို သူပဲဦးစီးဦးဆောင်လုပ်ကိုင်နေခဲ့ရသည်။

ဒီနေ့ဟာ ဖေဖေရဲ့နှစ်ပတ်လည်ဖြစ်သလို ဖန်ဆင်းရဲ့တစ်လပြည့်နှစ်ပတ်လည်လဲ ဖြစ်တာမို့ အိမ်မှာပဲ ဘုန်းကြီးငါးပါးလောက်ပင့်ကာ ဆွမ်းကပ်ကြသည်။

မေမေကတော့ ထုံးစံအတိုင်းဖေဖေနဲ့ဖန်ဆင်းကို သတိရကာ ချောင်တချောင်မှာ ခွေခွေကလေးနေရင်း ငိုနေသည်။ သူဘယ်လိုပဲ မေမေ့ကိုနှစ်သိမ့်ပါစေ မေမေကတော့ဖြည့်မဆည်နိုင်ဘူးဆိုကာ ပြောရင်းကငိုနေတက်သည်။

အနီးအနားကလူအချို့နဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေကိုသာ ဖိတ်ကြားခဲ့သည်။

" အန်တီနေကောင်းရဲ့လား။"

အိမ်အပေါ်ထပ်ကိုတက်လာရင်း အထာတစ်ယောက် ဖန့်မေမေရှိရာကိုသွားပြီး အန်တီကိုနှုတ်ဆက်စကားဆိုလိုက်သည်။ အန်တီရဲ့ရင်ထဲက အပူမီးတွေကိုမြင်နေရတာကြောင့် သူအန်တီကိုယ်လေးကို ထွေးဖက်ကာနှစ်သိမ့်လိုက်သည်။

" ဖန်လဲရှိတယ် ကျွန်တော်လဲရှိနေတာမို့ အရမ်းကြီးဝမ်းနည်းမနေပါနဲ့အန်တီ။ ထွက်သွားရတဲ့သူတွေကို ဒီအတိုင်းလေးထွက်သွားစေချင်တယ်။ နောက်ဆံမတင်းစေချင်ဘူးအန်တီ။ ဒီလိုစကားပြောလို့ မင်းကိုယ်တိုင်က အန်တီလိုမှ မခံစားခဲ့ဘူးတာလို့ပြောချင်ပြောပါလိမ့်မယ်။ ဒါပေမယ့်အန်တီရယ် ထွက်သွားတဲ့လူတွေကထွက်သွားကြပြီလေ။ ကျန်ခဲ့တဲ့သူကသာ...."

" အန်တီနားလည်ပါတယ်သားရယ်။ ဒါပေမယ့်လေ အန်တီ့သားလေးက...."

သူ့ကိုစကားဆိုရင်းကနေ သူမလည်ချောင်းတစ်လျှောက် စို့တက်လာကာ စကားလုံးတို့ကထွက်ကျမလာတော့အောင်ကို သူမရင်ဘတ်တစ်ခုလုံး စို့နင့်ကြေကွဲနေရသည်။

Abstarct Of Love (Z&U)Where stories live. Discover now