Ep.27 (U)

2.5K 117 18
                                    

" အ့..."

မုန့်တူးသွားမှာစိုးရိမ်တာကြောင့် အထာလက်အိတ်မပါပဲ မုန့်ဖုတ်ထားတဲ့ဗန်းကိုဆွဲယူလိုက်တာကြောင့် လက်ကိုအပူလောင်သွားရခြင်းထဖြစ်သည်။

" ဘာဖြစ်သွားသေးလဲအထာ။"

အထာဆီက အသံလေးထွက်လာတာကြောင့် ဖန်တီးမီးဖိုခန်းထဲသို့ အလျင်အမြန်ပြေးဝင်လာရသည်။
လက်ကလေးကို ပါးစပ်ထဲထည့်ကာ စုပ်နေတဲ့အထာ့လက်ကို ဖန်တီးဆွဲယူကာကြည့်လိုက်သည်။

အထာ့လက်ညိုးထိပ်ကလေးမှာ နီနီရဲလေးဖြစ်နေသည်။ ဖန်တီးစိုးရိမ်စွာနဲ့ အထာ့လက်ညိုးလေးကို သူပါးစပ်ကလေးထဲ လွှဲပြောင်းကာအာခံတွင်းထဲထည့်ကာ ငုံထားလိုက်သည်။

" ရ ရပြီဖန်။အဲ့လောက်အထိမပူဘူး။"

အထာအနေရကြပ်စွာနဲ့ ဖန့်ပါးသပ်ထဲကနေသူ့လက်ကလေးကို အတင်းဆွဲထုတ်နေမိသည်။

" တော်ပြီ ဒီမုန့်ကိုထားလိုက်တော့။ ငါဆက်လုပ်လိုက်မယ်။"

အထာ့ပုခုံးကနေ ဖန်တီးဆွဲကိုင်ကာ အိမ်ရှေ့ခန်းကဆိုဖာပေါ်ကို ထိုင်စေသည်။

" ငြိမ်ငြိမ်နေ။ ငါယူလာခဲ့မယ် အဲ့ဒီမုန့်ကို။"

အထာမငြင်းသာတော့၍ ဆိုဖာမှာအသာထိုင်ကာ ငြိမ်နေရတော့သည်။
မီးဖိုခန်းထဲဝင်သွားတဲ့ ဖန့်ကေထာပြင်ကိုကြည့်ကာ အထာအနည်းငယ်ရီချင်မိလာသည်။ မီးဖိုခန်းထဲက သူ့အော်သံကြားတော့ စိတ်ပူပြီးအပြေးလာတဲ့ ဖန့်ကြောင့်သူ့နှလုံးသားလေးက နွေးထွေးမှု့ကိုခံစားရပြန်သည်။ ဖန့်ရဲ့စိုးရိမ်စိတ်တွေက သူ့အပေါ်မှာသာရှိနေတယ်ဆိုတဲ့ အတွေးကြောင့် အထာပျော်မိသည်။

ဟော ပြန်ထွက်လာပါပြီ။ မုန့်ဗန်းကြီးကိုကိုင်ကာထွက်လာတဲ့ ဖန်။ သူကြည့်နေတာမြင်တော့ အပြုံးတွေနဲ့တုန့်ပြန်လာတဲ့ဖန်ပါ။

အထာလုပ်ထားတဲ့ ကိတ်ကလေးတွေကို ခနအအေးခံထားလိုက်သည်။

" အထာ မင်းcoffe shopမှာအလုပ်လုပ်ရတာ အဆင်ပြေရဲ့လား။"

အထာကသြဇီမြို့ရဲ့ မြို့လယ်ခေါင်မှာရှိတဲ့ coffe shopလေးတသ်ခုမှအချိန်ပိုင်းလုပ်နေသည်။ သူနဲ့အတျူကျာင်းတက်နေတဲ့ အထာဟာ ကျောင်းပိတ်ရက်တွေမှာတော့ ထိုcoffe shopလေးမှာအလုပ်ဝင်လုပ်နေသည်။ သူကတော့မိသားစုရဲ့ လုပ်ငန်းအချို့ကို သြဇီမှာပင်လုပ်ကူနေသည်။ ဖန်တီးမေမေသည် သြ
ဇီမှာရုံးခွဲတစ်ခုဖွင့်ထားတာကြောင့် သူကထိုရုံးခွဲတစ်ခုမှာ အလုပ်ဝင်လုပ်နေခဲ့သည်။ ဒါ့ကြောင့် ကျောင်းပိတ်ရက်မှာတော့ သူတို့နှစ်ယောက်ဟာ နေ့လည်အချိန်တွေမှာသိပ်မတွေ့ဖြစ်။ ညနေပိုင်းအချိန်ကနေစလို့ အတူတွေ့ရသည်။ ညနေပိုင်းအားတဲ့အချိန်တွေမှာဆို အထာကတိုက်ခန်းမှာ မုန့်အသစ်ကိုတီထွင်နေလေ့ရှိသည်။ အထာစမ်းသပ်ပြီးထုတ်တဲ့ မုန့်တွေကိုတော့ သူကပဲဒိုင်ခံစားကာ မြည်းစမ်းပေးရသည်။ အထာကမုန့်လုပ်ရတာကို ဝါသနာပါတာကြောင့် မုန့်လုပ်တဲ့နေရာမှာတော့ အကျွမ်းတဝင်ရှိလှသည်။ အထာကထိုcoffe shopလေးမှာ သူလုပ်တဲ့မုန့်အသစ်တွေကိုတင်ကာ ရောင်းချလေ့ရှိသည်။

Abstarct Of Love (Z&U)Where stories live. Discover now