ဦးမြင့်ကိုဦးတစ်ယောက် သူ့၏အိမ်ထဲမှာ ထိုင်ရမလိုထရမလိုနဲ့ ဗျာများလို့နေသည်။ အကြောင်းကာ သူ့ဆီကို ထပ်ရောက်လာတဲ့ စာတစ်စောင်ကြောင့်ဖြစ်သည်။
" အတိတ်က ခင်များတို့အဖွဲ့လုပ်ခဲ့တာတွေကို အကုန်ဝန်ခံပြီး အပြစ်ကြွေးတွေကို ဆပ်မယ်ဆိုရင် ကျုပ်အားလုံးကို သင်ပုန်းချေပေးမယ်။ ခင်များရွေးချယ်မှု့အတွက် ခင်များကိုယ်တိုင်တာဝန်ယူရမယ်။
အကြွေးရရန်ရှိသောသူ"
ဖုန်းmassageကနေဖြစ်သည်။ ဟိုအရင်ရက်တွေတုန်းကလို စာအိတ်နဲ့ပို့တာမျိုးမဟုတ်တော့ပေ။
ဒီစာ၏အဓိပ္ပါယ်ဟာ ဘယ်အတိုင်းအတာထိသက်ရောက်နေသလဲဆိုတာ မြင့်ကိုဦးသိနေတာကြောင့်ဖြစ်သည်။ သူဘာအပြစ်တွေလုပ်ခဲ့တာလဲဆိုတာ သူကိုယ်တိုင်တောင်မသိ၊ မမှတ်မိနိုင်တာ။ ဒါပေမယ့် ဘယ်သူကများ သူ့အကြောင်းကိုလိုက်စုံစမ်းပြီး မဟုတ်သောသတင်းတွေဖြစ်နေရလဲဆိုတာတော့ သူလဲမတွေးတက်တော့ပါ။ အခုသားကလဲသေပြီ။ ဒီအတောအတွင်း သူ့ရဲ့လုပ်ငန်းတွေကိုလဲ ခနရပ်နားထားရသည်။ အခုချိန်မှာရဲတွေဟာ ခြေရှုပ်နေတယ်တဲ့။ သားစိတ်နဲ့လူလဲ ပိန်ကျကာ အိပ်ပျက်ညတွေများတာကြောင့် မျက်တွင်းများပင် အထဲကိုချိုင့်ဝင်နေသည်။ သန့်ရှင်းရေးမလုပ်နိုင်တဲ့ သူရဲ့မျက်နာမှာ ပါးသိုင်းမွေးတွေနဲ့ နှုတ်ခမ်းမွေးတို့နဲ့ နဂိုငယ်ရွယ်တဲ့ ရုပ်ရည်ကိုပျောက်စေသည်။ အစားလဲ ပုံမှန်မစားနိုင်တော့ပဲ အရက်ကိုသာဖိသောက်နေတဲ့ မြင့်ကိုဦးကာ ဒီ၃ရက်အတွင်း အိုစာသွားသည်မှာ သိသာလှသည်။*******
" ဖန်ဆင်း မင်းအခုတလော ခြေငြိမ်နေပါ့လား။"
အခန်းထဲတွင် ဂိမ်းဆော့နေတဲ့ ဖန်ဆင်းကိုကြည့်ကာ ဖန်တီးပြောလိုက်ခြင်းဖြစ်သည်။ သူ့အပြောကို ဖန်ဆင်းကဂရုမပြုဟန်နဲ့ ဂိမ်းကိုသာအာရုံစိုက်ကာဆော့နေသည်။ ဖန်တီးအခန်းထဲကိုဝင်လာရင်း ဖန်ဆင်းအတွက် ကော်ဖီနဲ့မုန့်ကို ခုံပေါ်တင်ပေးကာ ဖန်တီးကတော့ ကုတင်ပေါ်မှာထိုင်ကာ စာအုပ်ဖတ်နေလိုက်သည်။ လတ်တလောအခြေအနေတွေကြောင့် သူတို့သူငယ်ချင်းလေးယောက်ဟာ ကျောင်းမှာခွင့်ယူထားတာကြောင့် ကျောင်းမသွားရပဲအိမ်မှာရှိနေကြသည်။ ရဲတွေကလဲ အိမ်နဲ့အနီးဆုံးနေရာတွေမှာတွေ့ရတက်သည်။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...