Ep.44 (U)

3.8K 126 4
                                    

" ဟား ဟား....."

ကျယ်လောင်စွာ ပေါ်ထွက်လာတဲ့ ရယ်သံဟာ သူ့ကိုလောင်ရယ်နေသလိုခံစားရသည်။

" ဘယ်လိုလဲ ဦးငမည်းရ။ ကိုယ့်အလှည့်ကျသေရမှာ ကြောက်လန့်နေတဲ့ပုံပဲ။ သွေးရူးသွေးတန်းနဲ့ လျှောက်မြင်နေတာလား။"

မျက်နာဖုံးစွတ်နဲ့လူသည် အဘယ်သူနည်းပါလိမ့်။ ဘာ့ကြောင့်သူငယ်နာမည်ကိုသိနေရတာလဲ။

" မင် ဘယ် သူ လဲ။ "

တစ်လုံးချင်းလေးအစွာမေးလာတဲ့ ငမည်း(ခေါ်) ဦးနေလင်းတစ်ယောက်။ မျက်နာကပျက်ယွင်းနေပုံကအသိအသာ။ သေရတော့မည်လူတစ်ယောက်ရဲ့ ကြောက်ရွံ့မှု့ကို ဖန်ဆင်းအရသာခံကာ ကြည့်နေမိသည်။ ဖန်ဆင်းမျက်နာပေါ်က ဖုံးကွယ်ထားတဲ့ မျက်နာဖုံးအလွှာကို ဖယ်ရှားလိုက်သည်။

နေလင်းတစ်ယောက် ဆေးအရှိန်ကပိုပြလာပုံရသည်။ သို့ပေမယ့် အသိစိတ်တို့လွင့်ထွက်မသွားအောင် ထိန်းချုပ်ထားရသည်မှာ ပိုပင်ပန်းလို့လာသည်။ နဖူးစကချွေးစတို့ဟာလဲ ကြောက်ရွံ့တဲ့စိတ်ကြောက် ပါးပြင်တစ်လျှောက်စီးကျနေသည်။

" မင်း မင်းက ဖန်လင်းရောင်ရဲ့သားဖန်တီးမဟုတ်လား။ ဘာကြောင့် ငါ့ကို..."

သူရဲ့သူငယ်ချင်းတွေရဲ့အသတ်ခံရမှု့ကို သတိရသွားပုံရသည်။

" ဘယ်လိုလဲ မှတ်မိသွားပြီလား။"

သူ့ကိုသတ်ရခြင်း၏ အဓိပ္ပါယ်ကိုတော့ နေလင်းတစ်ယောက် မသိရသေးပါ။

" မင်းနဲ့ငါတို့ ဘယ်လိုအငြိုးတွေရှိနေလို့လဲ။ ငါတို့နဲ့မင်းရန်စတွေလဲမရှိခဲ့ပါဘူး။"

" ဟား....သိပ်ကိုရှိသမ သိပ့်ကိုရှိတာပေါ့ဗျာ။ ခင်များတို့သူငယ်ချင်းတစ်စုကတော့ ပြုလုပ်သူမို့ အရာရာကိုမေ့ပစ်နိုင်ပေမယ့် ပြုလုပ်ခံခဲ့ရတဲ့ ကျုပ်ကတော့ တစ်သက်လုံးမေ့နိုင်မယ်မထင်ဘူး။"

ဖန်ဆင်းဒေါသကြောင့် မေးရိုးတစ်လျှောက် အကြောများထောင်ထနေရုံမက ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သီးကြောင့် လက်ဖျံတစ်လျှောက် သွေးကြောများပင်ပေါက်ထွက်လာတော့မလားခံစားရသည်။

Abstarct Of Love (Z&U)Where stories live. Discover now