ကျောင်း၏စက်ဘီးထားရာနေရာမှာ ဖန်တီးစက်ဘီးရပ်လိုက်သည်။ အထ့ာစက်ဘီးလေးကို ထားနေကျနေရာမှမမြင်ရတာကြောင့် ဖန်တီးအလိုမကျစွာမျက်မှောင်ကြုတ်မိလိုက်သည်။
ဖန်တီးအတန်းထဲမဝင်ခင် ကျောင်းသားတိုင်းအတွက် ထားရှိပေးထားတဲ့boxတွေထဲက သူ၏စာအုပ်အချို့ကို ယူလိုက်သည်။ အတန်းထဲဝင်တာနဲ့ ဖန်တီးမျက်လုံးတို့က အထာထိုင်နေကျခုံကို အလိုလိုအကြည့်ရောက်သွားခဲ့သည်။ အထာကသူ့ခုံမှာရှိမနေခဲ့ပါ။ မနက်ခင်းရဲ့ကြည်လင်နေတဲ့ သူစိတ်တို့ဟာ အထာကိုအခုထိမတွေရသေးတာကြောင့် စိတ်အလိုမကျစွာရှိနေသည်။
ဖန်တီးဖုန်းကိုထုတ်ကာ အထာ့ဆီသို့ဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။" အထာမင်းဘယ်မှာလဲ။"
ဖုန်းကိုင်တာနဲ့ ဖန်တီးမေးလိုက်သည်။ စိတ်အလိုမကျမှု့က ဒေါသအဖြစ်အရောင်ပြောင်းကာ လေသံနည်းနည်းမာသွားခဲ့သည်။
" အင်း ငါအခန်းရှေ့ရောက်နေပြီ။ မင်းကိုငါတွေ့တယ်ဖန်။"
ဖန်တီးအတန်းရှေ့ကို လှမ်းကြည့်လိုက်တော့ အထာကသူ့ကိုလက်လှမ်းပြသည်။ ဘာကြောင့်ရယ်မသိ အထာ့ကိုသူမတွေ့တော့ စိတ်ပူသွားခဲ့တာအမှန်ပါ။ ဘာကြောင့်စိတ်ပူရသလဲဆိုတာကိုလဲ သူကိုယ်တိုင်သေချာမသိခဲ့ပါ။
" ငါဆိုင်မှာနည်းနည်း orderကျသွားလို့ ကျောင်းကိုနောက်ကျမှ ရောက်လာတာ။ ငါ့ကိုမတွေ့ရလို့ စိတ်ပူသွားတာလားဖန်။ ငါကကလေးမဟုတ်တော့ပါဘူး။ အခုချိန်မှာမင်းကိုတောင် တင့်တောင်းတင့်တယ်ထားပြီး ရှာကျွေးနိုင်နေပါပြီကွ။ ဟီး..."
နဖူးစပ်ကချွေးစကလေးတွေကို လက်ခုံနဲ့သုတ်ကာ အထာပြောလာသည်။ အထာသည်သူပြောတဲ့စကားကို သူသဘောကျဟန်ဖြင့် တဟီးဟီးနဲ့ရယ်နေပြန်သည်။ စိတ်ပူပြီးလေသံမာနဲ့ ပြောမိတဲ့သူကပင် စိတ်မကောင်းဖြစ်ရပြန်သည်။ အမြဲကလေးလိုနေတက်တဲ့ ချစ်ရသူလေးဟာ သူနဲ့ပတ်သက်လျှင် အလေးအနက်ထားကာ စကားဆိုလေ့ရှိသည်။
" ရေသောက်လိုက်အုံး။ လှေကားတွေပြေးတက်လာရတာ မောနေမှာပေါ့။"
ဖန်တီးအိမ်ကနေ ရေဘူးလေးနဲ့ရေထည့်လာတာမို့ သူ့လက်ထဲကရေဘူးကို အထာ့လက်ထဲသို့လွှဲပြောင်းပေးလိုက်သည်။ ကျောင်း၏အကျယ်အဝန်း၊ တက်ရသောလှေကားထစ်တွေကများသည်။ အကွေ့အဝိုက်နဲ့ဆိုလျှင် လှေကားထစ်ပေါင်း ၁ရာလောက်ရှိမည်။ ထိုလှေကားအဆုံးကနေ သူတို့အတန်းကိုလာမည်ဆိုလျှင် ၁၀မိနစ်လောက်တော့ကြာသည်။ ဒါကိုအထာက လှေကားထစ်တွေပေါ်ပြေးတက်လာပုံရသည်။ အနည်းငယ်မောပန်းနေတာကို အထာ့ရဲ့အသက်ရှုသံတွေကနေ ဖန်တီးသတိထားမိလိုက်သည်။
![](https://img.wattpad.com/cover/278816436-288-k921379.jpg)
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...