ဦးမြင့်ကိုဦးတစ်ယောက် ရေချိုးခန်းကထွက်လာကာ ရေစိုနေသောခန္ဓာကိုယ်ကို တဘတ်နဲ့ခြောက်အောင်သုတ်နေမိသည်။ ခေါင်းလျော်ထားတာမို့ ဆံပင်စတို့မှာလဲ ရေသီးရေပေါက်တို့ကခိုတွဲလျှက်ရှိသည်။
ရေသုတ်နေရာမှ စာကြည့်စားပွဲပေါ်သို့ အကြည့်ရောက်သွားချိန်တွင် ဒေါသစိတ်တို့နဲ့အတူ လူပါစာကြည့်ခုံအနားသို့ရောက်သွားသည်။ ရေမချိုးခင်ကတင်ထားတဲ့ စာအိတ်ကအခုသူရေချိုးပြီးပြန်ထွက်လာချိန်တွင် ခုံပေါ်တွင်ထိုစာအိတ်ကရှိမနေတော့။ ကုတင်ရဲ့ခြေရင်းနားမှာ သူ့အတွက်အဝတ်အစားများကလဲအရန်သင့်ရှိနေတာမို့ ဇနီးဖြစ်သူအခန်းထဲဝင်လာတယ်လို့ထင်မိသည်။
" ခင်ရေ ခနလောက်လာပါအုံး။"
ဇနီးဖြစ်သူက ဘုရားခန်းမှထွက်လာတာကို မြင့်ကိုဦးတစ်ယောက် မြင်တွေ့လိုက်ရသည်။
ကိုယ်အပေါ်ပိုင်းကို တဘတ်တင်ကာ အခန်းထဲကထွက်လာပြီး အခန်းရှေ့မှာတွေ့တာကြောင့် ဇနီးသည်ကိုခေါ်လိုက်ခြင်းဖြစ်သည်။" ဘာများလဲ။ အလန့်တကြားရှိလိုက်တာ။"
သူ၏အနည်းငယ်လောဆော်စွာ ခေါ်လိုက်သံကြောင့် ဇနီးသည်ထိတ်လန့်သွားဟန်တူသည်။ မျက်လုံးကလေးပြူးကျယ်ကာ သူ့အနားသို့ချက်ချင်းရောက်လာသည်။
" ကိုယ့်စာကြည့်ခုံပေါ်က စာအိတ်ခင်သိမ်းမိထားသေးလားလို့။ အဲ့ဒီစာအိတ်ကအရေးကြီးတယ်ခင်။"
" ကိုယ်ဖတ်နေကျစာအုပ်ကြားထဲ ခင်ညှပ်ခဲ့လိုက်တယ်။ အစကတော့အံဆွဲထဲထည့်မလို့ပဲ။ ခင်လဲစာအုပ်တွေရှင်းပြီး ဘုရားပန်းလဲချင်တာနဲ့ စာအုပ်ကြားထဲပဲ ညှပ်ခဲ့လိုက်တာ။"
ဇနီးဖြစ်သူစကားဆုံးတာနဲ့ မြင့်ကိုဦးအခန်းထဲလှည့်ဝင်လာခဲ့တော့သည်။
ဇနီးဖြစ်သူစကားကြောင့် စာအုပ်ကြားထဲညှပ်ထားတဲ့ စာအိတ်ကိုထုတ်ကြည့်လိုက်သည်။ဟူး...တော်ပါသေးရဲ့။
စာအိတ်ကိုကြည့်လိုက်တော့ ဖွင့်ဖောက်ထားတဲ့အရာမတွေ့တော့မှ သက်ပြင်းချနိုင်သည်။ ခင်ကဒီလိုမျိုးအမူအကျင့်မရှိပေမယ့် သူကစိုးရိမ်နေတာမျိုးဖြစ်သည်။ စာအိတ်ဖွင့်ဖောက်လိုက်လျှင် ခင်တစ်ခုခုကိုတွေ့သွားနိုင်တာကြောင့်ဖြစ်သည်။ ခင်မသိတဲ့အရာတွေရှိနေသည်။ ခင်သိလျှင် စိုးရိမ်စိတ်တွေနဲ့အတူ သူ့ရဲ့အလုပ်တွေကိုသိသွားနိုင်သည်။ ခင်သိသွားလျှင် သားပါအလိုလိုသိသွားနိုင်သည်။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...