Ep.32. (U)

3.2K 115 6
                                    

ထိုနေ့ကနေစလို့ မာန်ကျွန်တော်ကိုစိတ်ကောက်နေခဲ့သည်။ မာန်စိတ်ကောက်တာကို အပြစ်လို့မဆိုရက်ခဲ့ပါ။ ဘာလို့လဲဆိုတော့ ဒါတွေအကုန်လုံးက ကျွန်တော်လုပ်ခဲ့တာတွေကြောင့်သာဖြစ်သည်။ မာန့်ကိုကျွန်တော်ချစ်နေခဲ့တာတောင် မာန့်ကိုမချစ်သလိုနေခဲ့တဲ့ ကျွန်တော်ရဲ့အပြစ်တွေကြောင့်ဖြစ်သည်။ မာန်ကဘယ်လောက်တောင် အနေအေးတဲ့ကောင်လေးလဲ။ ကျွန်တော်သာ သူ့အပေါ်မရက်စက်ခဲ့လျှင် ထိုစကားမျိုးမပြောခဲ့လျှင် မာန်နဲ်ကျွန်တော်ရဲ့ ဆက်ဆံရေးဟာ ထိုမျှလောက်အေးခဲသွားမည်မဟုတ်ပါ။ ကျွန်တော်နောင်တများစွာကို ရင်ဝယ်ပိုက်ကာ ချုံးပွဲချငိုကြွေးနေခဲ့တာ အကြိမ်ကြိမ်အခါခါပင်။ မာန်ကျွန်တော်အနားက ထွက်မသွားခဲ့ပေမယ့် မာန့်စိတ်တွေ၊ အတွေးတွေကတော့ ကျွန်တော်နဲ့အဝေးဆုံးမှာရှိနေခဲ့သည်။

ကျောင်းတက်ရန်တစ်နှစ်သာ ကျန်တော့သည်။ ထိုတစ်နှစ်ဆိုတာကလဲ ဘယ်လောက်မျှ ကြာလိုက်မည်မထင်။ ကျောင်းပြီးသွားရင် မာန်ကသူ့အနားမှာပဲ အရင်လိုရှိနေပေးနိုင်မလားဆိုတာကိုလဲ မသေချာမရေရာတော့ပါ။

နေလင်းအောင်ထိုနေ့ကအဖြစ်အပျက်တို့ကိုပြန်လည်မြင်ယောင်လာသည်။

အံကိုတင်းတင်းကြိတ်ကာ သူ့အနားကမာန်ထွက်မသွားအောင်၊ ဘယ်လိုမှထွက်ပြေးမရအောင် သူချည်နည်းမျိုးဆုံနဲ့ချည်ရတော့သည်။

" မင်းငါ့အနားက ဘယ်တော့မှထွက်မသွားရဘူးမာန်။ မင်းမကြိုက်တဲ့အရာမှန်သမျှ ငါအကုန်ရှောင်မယ်။ အခု Roseကိုလဲ ငါဖြတ်လိုက်တော့မယ်။ ဒါကြောင့် ဒါကြောင့်မို့ မင်းကတော့ငါ့အနားမှာဆက်ပြီးရှိနေပေးပါ။"

" ဟား ဟား ။ " မာန်ဝေနာကျင်စွာနဲ့ နေ့ရဲ့စကားတို့ကို ဟားတိုက်ကာလှောင်ရယ်နေမိသည်။ နေ့ရဲ့တုန်ရီနေတဲ့လက်တွေက သူ့လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း အနိမ့်အမြင့်မညီညာတဲ့ အသံနဲ့တိုးလျှို့တောင်းပန်လာသည်။ မာန်ဝေနာကျင်နေသော မျက်ဝန်းတို့နဲ့ နေ့မျက်နာကိုစိုက်ကြည့်မိလိုက်သည်။ တဆတ်ဆတ်နဲ့တုန်ခါနေတဲ့ နေ့နှုတ်ခမ်းတစ်စုံ၊ နာကျင်ကြေကွဲနေတဲ့ မျက်ဝန်းတို့ကနီရဲလို့နေသည်။

Abstarct Of Love (Z&U)Donde viven las historias. Descúbrelo ahora