ဦးစိုးထွဋ်ဟန်တစ်ယောက် သားဆိုင်ကယ်စီးပြီးထွက်သွားတာကို အိမ်အပေါ်ထပ်အခန်းပြတင်းပေါက်ကနေကြည့်နေမိသည်။မိတစ်ဆိုးလေးဖြစ်ပေမယ့် ငယ်စဉ်ကတည်းက မိမိစကားနားထောင်ကာ စိတ်ဆင်းရဲအောင် တစ်ခါမလုပ်ခဲ့ဘူးတဲ့ သားလိမ္မာလေးတစ်ယောက် သူမရှိတော့မယ့်အချိန် အားငယ်ပြီး ခိုးကိုရာမဲ့ဖြစ်နေမှာ အမြဲတမ်းစိုးရိမ်ပြီး အိမ်မပျော်ဖြစ်နေရသည်မှာ ညတိုင်းပင်....အိပ်ယာထက်မှာလဲလျောင်းနေပေမယ့် သက်ပြင်းတွေအကြိမ်ကြိမ်ချနေမိသည်မှာဘယ်နှစ်ကြိမ်ရှိနေပြီတောင် မရေတွက်နိုင်တော့ အချိန်အတော်ကြာအောင် တွေးပြီးနောက် ဖုန်းကိုယူကာcontantထဲရှိ နာမည်တစ်ခုကိုနှိပ်ကာခေါ်လိုက်သည်.....
"တူ.......တူ......"
"ဟယ်လို....အေး စိုးထွဋ်ပြော"
"ဟယ်လို.....ဟယ်လို ...စိုးထွဋ် ..စိုးထွဋ် ..ဟယ်လို ငါပြောတာကြားလား..."
တစ်ဖက်မှအသံမကြားရသဖြင့် ဉ်ီးအောင်မြင့်ရွှေစိုးရိမ်စိတ်တွေ များကာ ခန္ဓာကိုယ်တွေ ထူပူလာရသည်။ခနကြာမှ...
"ဟယ်လို.. ဘယ်လိုဖြစ်လို့ အလောတကြီးခေါ်နေတာလည်း ဖုန်းခေါ်ရင်းနဲ့ မင်းမကိုင်သေးဘူးထင်လို့ ရေသောက်နေတာပါကွာ"
"မင်းကလည်းကွာ ငါက ဘာသံမှမကြားရတော့ စိတ်ပူ သွားတာပေါ့ကွ"
ဦးစိုးထွဋ်ဟန် တဟားဟားရီနေလေသည်.. ငယ်သူငယ်ချင်းတွေဆိုပေမယ့် အိမ်ထောင်ကျတဲ့နေရာချင်းမတူတော့ ဖုန်းနဲ့ပဲ လှမ်းအဆက်အသွယ်လုပ်ရသည်။ အလုပ်ကိစ္စနဲ့တစ်ခါတစ်လေ အိမ်ရောက်ခဲ့တတ်ပေမယ့် တွေ့ရတဲ့အချိန်ကနည်းလေသည်..
"အေး...ရီနေ ငါ့မှာ တစ်ကိုယ်လုံးထူပူနေပြီ"
"ငါ အခြေအနေကောင်းနေပါတယ်ကွာ ချက်ချင်းကြီးတော့မသေနိုင်ပါဘူး"
"ဘာပဲဖြစ်ဖြစ် ဂရုစိုက် မင်းက ဖုန်းမခေါ်စဖူး ခေါ်တယ်ဆိုတော့ ငါလည်း တစ်ခြားအတွေးတွေ မရှိတော့ဘူးလေ "
![](https://img.wattpad.com/cover/289953876-288-k566246.jpg)
YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Romanceသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...