အပိုင်း(65)

281 14 3
                                    

"အသည်း....ကိုယ်​​ပြောစရာရှိလို့...."

"ခင်​ဗျားမှာ...ကျွန်​​တော့်​ကို​ပြောစရာ​တွေမကုန်​နိုင်​​သေးဘူးလား..."

"အသည်းကလည်းကွာ...ခုကလုပ်​ငန်းနဲ့ပတ်​သက်​ပြီး​ပြောမလို့ပါ..."

"ဘာလဲ​ပြော..."

မီးဖိုခန်းထဲမှာ...ထမင်းချက်​​နေတာကို...​နောက်​က​နေလိုက်​လာပြီး..စကားလာ​ပြော​နေတာမို့..ထွဋ်​မြတ်​ကု​ဋေစိတ်​မရှည်​စွာ..​ပြောလိုက်​သည်​။

"ဒီ​နေ့ည​နေ..လုပ်​ငန်းရှင်​များ..ညစာစားပွဲရှိတယ်​.အဲ့ဒါ..အသည်းလိုက်​ခဲ့​နော်​..."

"မလိုက်​ဘူး..."

"ဘာလို့လဲ...အသည်းရဲ့.."

"ကျွန်​​တော်​..အဲ့ဒါမျိုး​တွေအရင်​ကလည်းတက်​​လေ့မရှိဘူး.."

"ခုက..ကိုယ့်​ရဲ့ပါတနာအ​နေနဲ့တက်​ရမှာ.."

"အဲ့ဒါဆိုပို​တောင်​​ဝေး​သေး...ခင်​ဗျားနဲ့အတူတူသွားရမယ့်​လမ်းဆို..စဉ်းစားစရာ​တောင်​မလိုဘူး..."

"အသည်း...."

"ကျွန်​​တော့်​ကို..ဖိအားမ​ပေးပါနဲ့....ကျွန်​​တော့်​ဘာသာတစ်​​ယောက်​တည်း​အေး​ဆေး​နေပါရ​စေ..ထွက်​သွားပါ..."

"ကိုယ်​ကလည်း..မရ,ရ​အောင်​..ဆွဲ​ခေါ်မှာမို့..အသည်း..​စောင့်​​နေ....."

အံကြိတ်​ကာ..ကြုံးဝါးပြီးထွက်​သွားတာ​ကြောင့်​.ထွဋ်​မြတ်​ကု​ဋေ မှာ..စိတ်​ရှူပ်​စွာ..စုပ်​တစ်​ချက်​သပ်​လိုက်​သည်​။

ပြောတဲ့အတိုင်းပင်​..ထို​နေ့ည​နေက..​ရွှေသိမ်းပိုက်​မှာ..မိသားစု​တွေကို..စည်းရုံးပြီးအကြပ်​ကိုင်​လိုက်​တာ​ကြောင့်​..ထွဋ်​မြတ်​ကု​ဋေ မှာ..ညစာစားပွဲကို..မလိုက်​ချင်​ပဲ..လိုက်​ခဲ့ရ​တော့သည်​။

"အသည်း...လာ..ကား​ပေါ်တက်​..."

"................"

ရွှေသိမ်းပိုက်​ကို..ဂရုမစိုက်​ပဲ..ဖွင့်​​ပေးတဲ့ကား​ပေါ်ကိုတက်​ထိုင်​လိုက်​သည်​။

Shirtအဖြူ​ရောင်​​လေးကိုမှ..ဆင်​စွယ်​​ရောင်​suit​​လေးထပ်​၀တ်​ထားပြီး..လည်​ပင်း​မှာလည်း..ဖဲပြား..​သေး​သေး​လေး..တပ်​ထားသည်​။ဆံပင်​ကိုလည်း..​ဘေးခွဲကို..Gelနဲ့​သေချာပုံသွင်းပြီး..အ​ပေါ်ကိုပင့်​တင်​ထားတာ​ကြောင့်​...မျက်​နှာ​သေး​သေး​လေးမှာ..​ပေါ်လာပြီး..ချစ်​စရာ​ကောင်း​နေ​တော့သည်​။ခန္ဓာကိုယ်​​သေး​သေး​လေးမှာ....၀တ်​စုံအပြည့်​ဝတ်​ထားသဖြင့်​..သက်​ရှိအရုပ်​​လေးကို..၀တ်​စုံပြည့်​ဝတ်​ထားသလို..ဖြစ်​​နေသည်​မို့..​ရွှေသိမ်းပိုက် မှာ..အကြည့်​မလွှဲနိုင်​ပဲဖြစ်​​နေ​တော့သည်​။

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now