အိမ်အပေါ်ထပ် ၀ရံတာမှာ ဆေးလိပ်ဖွာရင်း..ဖုန်းကိုနှိပ်ကာ အနားယူနေသော...ရွှေသိမ်းပိုက် ...မျက်လုံးကိုပွတ်သပ်. ခန္ဓာကိုယ် ကို အညောင်းဆန့််ရင်း..တစ်နေရာဆီသို့ အကြည့်ရောက်သွားသည်။ခြံထဲက မြက်ခင်းစိမ်းစိမ်းလေးပေါ်တွင်ထိုင်ကာ..လက်ကလည်း ပန်းပွင့်လေးတွေကို အသာအယာကိုင်ပြီးနမ်းရှူတ်နေသည်။အဖြူရောင် တီရှပ်လေးနဲ့ ဂျင်းနက်ပြာလေးကိုဝတ်ကာ လှူပ်လှူပ်လှူပ်လှူပ်နဲ့ အလုပ်ရှူပ်နေသော ...သေးသေးကွေးကွေး ကောင်လေးတစ်ယောက်...ဘာတွေလုပ်နေတာလည်း .....သိချင်မိသဖြင့် ရပ်ပြီးကြည့်နေမိသည်။ ခနကြာတော့ ရုတ်တရက်ထပြီး အိမ်ထဲသို့ ပြေးဝင်သွားလေသည်။
"အမလေး..သားထွဋ်.. ဘာလို့ ပြေးလွှားနေတာလည်း..."
"သား..မေ့နေတာ ..ဦးကို ထမင်းချိုင့်ပို့ရအုံးမှာ ..နောက်ကျနေပြီလား မသိဘူး.."
"မကျသေးပါဘူးသားရယ်...ခုမှ..ဆယ်နာရီခွဲပဲရှိသေးတာ.."
"သား..သွားလိုက်တော့မယ်..ဦးစိုးရှိတယ်မလား...အန်တီ.."
"မရှိဘူး...သားထွဋ်ရဲ့.. အန်တီအပြင်..ကို လွှတ်လိုက်တာ...မောင်မျိုးလည်း ပါသွားတယ်..."
"မောင်မျိုးက. ဘာလိုက်လုပ်တာလည်း မသိဘူး..."
"အပြင်ထွက်မယ်လို့ အသံကြားတိုင်း..သူလိုက်သွားနေတာ ..သားထွဋ် ရေ...သူပျော်နေတယ်ထင်ပါ့..."
"ဒါဆိုရင်...သား..ဘယ်လိုသွားရမလဲ..."
စိတ်ပျက်စွာ ရေရွတ် မိသည်။ထမင်းလာပို့မယ်ပြောထားလို့...ဦးအောင်မြင့်ရွှေ တော့ မျှော်နေမှာ အမှန်ပင်။ရန်ကုန်ရောက်တာ မကြာသေးတဲ့အပြင် အိမ်ထဲက အိမ်ပြင်မထွက်သဖြင့် ဘယ်လိုသွားရမှန်းလဲ မသိ။ထိုစဉ် ဂျင်းအနက် ဒူးပြဲလေးနှင့်အဖြူရောင်လေးပေါ်မှာ..အပြာစင်းသေးသေးလေးတွေပါသည့် လက်ရှည် အက်ႌကို ၀တ္ဆင္ကာ..အက်ႌစတစ္ဖက္ကို ဘောင်းဘီ ထဲထည့်ပြီး..လှေကားထစ်များကိုတစ်ထစ်ကျော်ဆင်းလာသော..သန့်သန့်ပြန့်ပြန့် လူတစ်ဉ်ီး....

YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
عاطفيةသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...