မနေ့ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ရွှေသိမ်းပိုက် မှာ အောက်ထပ်ကိုတောင်မဆင်းတော့တဲ့အပြင်..အခန်းထဲကကိုမထွက်ခဲ့တော့...ထွဋ်မြတ်ကုဋေ ကတော့..နေ့စဉ်လုပ်ရမယ့် တာဝန်တွေအတွက်..အိမ်ပေါ်ထပ်ကို..ဘုရားဆွမ်းကပ်..ချက်ပြုတ်တာတွေကိုလုပ်နေစမြဲပင်..မနေ့ကအနမ်းကြောင့်မရှက်ဘူးလားမေးရင်..သူက ပိုရှက်ရသူပင်..ဘာအကြောင်းပြချက်မှမရှိပဲ ရုတ်တရက်အနမ်းခံရသည့်အပြင်..ဒေါသထွက်နေတာတောင်..မေ့သွားရလောက်အောင်ဖြစ်သွားခဲ့ရလေသည်။ဒီနေ့တော့ တိုက်ထားသလားထင်ရလောက်အောင်..မတွေ့မဖြစ်တွေ့ရမည့်ကိစ္စတစ်ခု..ပေါ်လာလေသည်။အဲ့တာကတော့...နှင်းသွဲ့ရဲ့ မွေးနေ့ဖြစ်နေ၍ဘုရားသွားကြရန်ပင်...ဉ်ီးအောင်မြင့်ရွှေကတော့..ကုမ္ပဏီ ကိစ္စ တွေကြောင့် မလိုက်ဖြစ်ပေမယ့်...လူလေးယောက်ကတော့..အတူတူသွားကြရမည်ဖြစ်သည်။
ဘုရားသွားမည်ဖြစ်သောကြောင့်...ကြက်သွေးရောင်လည်ကတုံးလက်ရှည်လေးကို..ယောပုဆိုးနီညို့လေးနဲ့တွဲဖက်ဝတ်ဆင်လိုက်သည်။အသားဖြူဖြူလေးမို့...လိုက်ဖက်နေမှူက စာဖွဲ့လောက်အောင်ပင်...မမနှင်းသွဲ့ နှင့် အန်တီဒေါ်ခင်မေပိုက်ကို..ဧည့်ခန်းထဲတွင် သတင်းစာတစ်စောင်ကို..ကောက်ဖတ်ကာထိုင်စောင့်နေလိုက်သည်။ခနကြာတော့....ရင်ဖုံးအင်္ကျီလိမ္မော်ရောင်လက်ရှည်လေးကို...လိမ္မော်ရောင်ပန်းခက်လေးတွေပါသည့်ချိတ်ထဘီနက်ပြာလေးနှင့်တွဲဖက်ဝတ်ဆင်ကာ...ပါးတွင်သနပ်ခါး...ခပ်ရေးရေးလေး..လိမ်းထားသည့်..မွေးနေ့ရှင် နှင်းသွဲ့နှင့်အတူဒေါ်ခင်မေပိုက်တို့်ဆင်းလာကြသည်။
"သားထွဋ်.. ..စောင့်နေတာ..ကြာပြီလား..."
"မကြာသေးပါဘူး...အန်တီ.."
"သားက..ဒီလိုဝတ်လိုက်တော့လည်း..လူကြီးလေးလို...ချစ်စရာလေးပဲ..."
"မဟုတ်ရပါဘူး...အန်တီ..."
"ဘာကိုမဟုတ်ရမှာလည်း...ကလေးရဲ့...တစ်ကယ်ပါ.. ကလေးကတစ်ကယ်ချစ်စရာလေး.."
YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Dragosteသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...