အပို​င်း(17)

429 23 10
                                    

မ​နေ့က.ပါတီပွဲ ​ကြောင့်​...မနက်​ဖြန်​ ရုံး​နောက်​ကျမှတက်​ရန်​..၀န်​ထမ်းအားလုံးကို..ညက ဦး​အောင်​မြင့်​​ရွှေ ​ပြောထားပြီးဖြစ်​သည်​။ထို့​ကြောင့်​..ထွဋ်​မြတ်​ကု​ဋေ မှာ..နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေသည်​။ဘယ်​အချိန်​​လောက်​ရှိ​နေပြီ...မသိ..အခန်းတံခါးကို..​လာ​ခေါက်​မှ...လန့်​နိုးလာရသည်​။

'​ဒေါက်​...​ဒေါက်​'

အိမ်​မက်​လား...တစ်​ကယ်​လား..​ဝေခွဲမရသဖြင့်​...မျက်​လုံးမှိတ်​ကာ..နားစိုက်​​ထောင်​​နေလိုက်​သည်​။ခနကြာ​တော့ အသံ​လေး..တစ်​ခုကို..ကြားလိုက်​ရ​လေသည်​။

"သမီး...သမီး​မောင်​​လေး..မထ​သေးဘူးလား.."

"ဟုတ်​..ကြီးကြီး.. ."

"ပင်​ပန်းလွန်းလို့ထင်​တယ်​..အိပ်​ပါ​စေလားကွယ်​.."

"အချိန်​က..မ​စော​တော့ဘူး..ကြီးကြီး ရဲ့..သူ​ဋ္ဌေးရဲ့...အတွင်း​ရေးမှူးဆိုတာ...ရုံးကို..​စော​စော..​ရောက်​​နေမှဖြစ်​မှာ.."

"​အေးပါကွယ်​..ဒါဆိုလည်း..နိုးလိုက်​အုံး..."

"ဟုတ်​..."

ထိုစဉ်​..တံခါး​ခေါက်​သံထွက်​​ပေါ်လာပြန်​သည်​။

'​ဒေါက်​.......​ဒေါက်​'

"က​လေး​ရေ.....က​လေး.."

ဒီတစ်​ခါ​တော့ ....အိမ်​မက်​မဟုတ်​တာ..​သေချာပြီမို့...အိပ်​ယာမှထကာ..ထူးလိုက်​သည်​။

"ဗျာ...မမနှင်း.."

"​ထ​တော့​လေ...က​လေး..အချိန်​က..မ​စော​တော့ဘူး..."

"ဟုတ်​..မမနှင်း..."

အိပ်​ယာသိမ်း​နေရင်း...စားပွဲ​ပေါ်က..နာရီကိုကြည့်​လိုက်​သည်​။

"ဟိုက်​...(၈)နာရီခွဲ...​သေလိုက်​ပါ​တော့.. ​နောက်​ကျ​နေပြီ..."

အိပ်​ယာ..မြန်​မြန်​သိမ်းကာ..​ရေချိုးခန်းထဲသို့​ပြေးဝင်​လိုက်​သည်​။မျက်​နှာသစ်​ရင်း..​ရေပါတစ်​ခါတည်းချိုးလိုက်​သည်​။တဘက်​​လေးခြုံကာ..ဘီရိုကိုဖွင့်​ပြီး..အ၀တ်​အစား ထုတ်​လိုက်​​တော့..T-shirtအပြာနု​လေးနှင့်​ ဂျင်းနက်​က​လေးကို..တွဲဝတ်​မည်​ဟု..စိတ်​ကူးပြီး.ကုတင်​ ​ပေါ်တင်​လိုက်​သည်​။ရုံးဝတ်​စုံက..မ​နေ့က​လျှော်​ထားသည်​မို့..ဒီ​နေ့​တော့ ရိုးရိုးဝတ်​စုံဝတ်​ကာ..သွားရမည်​..ဖြစ်​သည်​။ခေါင်းကို​ရေ​ခြောက်ေ​အာင်​သုတ်​ပြီး..​ဘောင်းဘီဝတ်​ပြီးချိန်​ထိ..မှန်​ကို..မကြည့်​ဖြစ်​​သေး..အင်္ကျီကိုဝတ်​မည်​အပြုမှ...ရုတ်​တရက်​..မှန်​ထဲကို..ကြည့်​မိလိုက်​သည်​။ထိုအခါမှ...မျက်​လုံးအပြူးသားနှင့်​...ပါးစပ်​အ​ဟောင်းသားဖြစ်​သွားရသည်​။ခန္ဓာကိုယ်​...တစ်​ခုလုံးတွင်​..အနီ​ရောင်​..အကွက်​​တွေများစွာ...ဒါ့အပြင်​..ပိုဆိုးသည်​က..လည်​ပင်းက..ညိုပုပ်​​ရောင်​သန်း​နေသည့်​..အကွက်​ကြီးတစ်​ခု....

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now