အပိုင်း(40)

331 16 21
                                    

မန္တ​လေး က..ပြန်​လာပြီး​နောက်​..​ရွှေသိမ်းပိုက်​ရဲ့..အပြုအမူ​တွေမှာ..မထင်​ထား​လောက်​​အောင်​..​ပြောင်းလဲသွားခဲ့သည်​။အလုပ်​ထဲလည်း..အာရုံမ​ရောက်​...တစ်​ခုခုဆို..​တွေး​ငေး​နေတတ်​ပြီး..မထင်​ရင်​.မထင်​သလို​အော်​​ငေါက်​တတ်​လာသည်​။အရင်​ကလို..အပြုံးအရယ်​မရှိ...မဟုတ်​ဘူး..အရင်​ကလည်း..အပြုံးအရယ်​သိပ်​မရှိ​ပေမယ့်​..အခုက..ပိုဆိုးသည်​။

ထွဋ်​မြတ်​ကု​ဋေ က​တော့..အရင်​ကတည်းက..​ရွှေသိမ်းပိုက် မျက်​နှာတစ်​ကမ္ဘာမို့..အရိပ်​တကြည့်​ကြည့်​နဲ့ ဘယ်​လို​ပြောင်းလဲသွားတာကအစ..သတိထားမိ​လေသည်​။ဘယ်​​လောက်​အ​ကောင်းလုပ်​​ပေး​ပေး..အမြဲ​​ဒေါသထွက်​ကာ...ရန်​ရှာ​နေတတ်​သည်​။

"ဂိုးလ်​...."

"​ပြော..."

"ဆိုက်​ထဲသွားကြည့်​မှာ..မဟုတ်​လား.. "

"မသွားဘူး.."

"မ​နေ့က​ပြော​တော့..သွားမှာဆို..."

"အဲ့ဒါမ​နေ့က​လေ..ငါ..ဒီ​နေ့​ပြောမိလို့လား.."

"မဟုတ်​ဘူး​လေ..."

"​ပြောစရာမရှိရင်​လည်း..အခန်းထဲက..ထွက်​​တော့..ငါအလုပ်​လုပ်​ရအုံးမယ်​.."

"ဟုတ်​..."

အလိုမကျမှူ​တွေပြည့်​​နေတဲ့..​ရွှေသိမ်းပိုက်​ကို..ကြည့်​ကာသက်​ပြင်း​လေးတိုးတိုးချပြီး..ရုံးခန်းထဲက..ထွက်​ခဲ့သည်​။

"ကိုထွဋ်​မြတ်​ကု​ဋေ.. ရုံးခန်းထဲမှာ..M.D.ရှိလား.."

"ဟုတ်​ကဲ့.."

"ဒါဆိုသွားလိုက်​အုံးမယ်​.."

"​နေအုံး...ကိစ္စ တစ်​ခုခုရှိလို့လား.."

"မသိဘူး..ဖုန်းနဲ့လှမ်း​ခေါ်လို့..."

"​သြော်​..ဟုတ်​ကဲ့..."

အလုပ်​သာ..လုပ်​​နေရ​ပေမယ့်​..စိတ်​မ​ဖြောင့်​...ရုံးခန်းထဲက​နေ..ထိုဝန်​ထမ်းမ​လေး..ထွက်​မလာမချင်း..ဂနာမငြိမ်​ဖြစ်​ကာ..ထိုင်​လိုက်​..ထလိုက်​နဲ့..တစ်​​ယောက်​တည်း..အလုပ်​ရှူပ်​​နေသည်​။

"ထွဋ်​မြတ်​ကု​ဋေ.. "

"ဗျာ...."

"သွားမယ်​.."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now