"အား.....ကိုကို....နာတယ်.."
ရွှေသိမ်းပိုက်တစ်ယောက် ထွဋ်မြတ်ကုဋေ ရဲ့ လက်နှစ်ဖက်ကိုချုပ်ပြီးနံရံတွင် ကပ်ထားလိုက်သည်။နာကျင်လွန်းသဖြင့် မျက်ရည်များပင် ၀ဲတက်လာရသည်။ လွှတ်ပေးဖို့တောင်းဆိုသော်လည်း မလွှတ်ပေးသည့်အပြင် ပို၍ပင် ဖျစ်ညစ်နေသောကြောင့် ဆက်ပြီးလည်းမပြောရဲ ...ဘာကြောင့်အခုလိုလုပ်နေသည်ကိုလည်းစဉ်းစားမရ.....
"ကိုကို..."
"တိတ်စမ်း .."
ရွှေသိမ်းပိုက် ရုတ်တရက် အော်လိုက်သဖြင့် ကိုယ်လုံးလေးတုန်ကာ လန့်သွားရသည်။ ၀ါးစားတော့မတတ်ကြည့်နေတဲ့မျက်လုံးစိမ်းကြီးတွေကိုလည်း ရင်မဆိုင်ရဲသဖြင့် မျက်နှာလွှဲ၍နေမိသည်။
"ငါ့မျက်လုံးကို သေချာကြည့်စမ်း.."
"ဟုတ်ကဲ့.."
ကြောက်ကြောက်နဲ့ကြည့်မိသည်။
"မင်းကို ငါမေးစရာရှိတယ်.."
"ဟုတ်ကဲ့..."
"ငါ့စကားမဆုံးသေးဘူး..ငါဖြေဆိုမှဖြေ ..အပိုစကားတွေမပြောနဲ့.."
"........."
"မင်း..ငါ့မိဘတွေ အခန်းကို ဘာဝင်လုပ်တာလည်း...ပြီးတော့ မင်းကအောက်ထပ်မှာနေတာ ...ဘာလို့အပေါ်ထပ်ကိုတက်လာတာလဲ...ဒီအိမ်မှာရော ဘယ်လောက်ကြာကြာနေမှာလည်း"
မေးခွန်းတွေ ဆက်တိုက်မေးနေပြီး..လက်ကိုလည်း မလွှတ်ပေးသည့်အပြင်.. မျက်နှာချင်းဆိုင်ကြည့်နေရသောကြောင့်...ကြောက်လည်း ကြောက်သဖြင့်...ဘာမှပြန်မပြောနိုင်...
"ဖြေလေ ..ဘာကြောင်ကြည့်နေတာလဲ..."
"ဘာ...ဘာကိုပြောတာလည်း..ကိုကို..ဘာမေးလိုက်တာလည်း..."
ထွဋ်မြတ်ကုဋေ မှာ မျက်လုံးကိုကြည့်နေသော်လည်း..အတွေးက လက်ကနာကျင်မှူဆီရောက်နေသဖြင့် ရွှေသိမ်းပိုက်မေးသည့်မေးခွန်းများကို နားထဲမ၀င်...ရွှေသိမ်းပိုက်ကလည်း..မေးနေတာကို..ပြန်မဖြေသည့်အပြင်..ဘာပြောနေမှန်းတောင် မသိဘူးဆိုတဲ့ အကြည့်နဲ့ကြည့်နေသည့်မျက်စိရှေ့ကလူကိုကြည့်ကာ ဒေါသတွေထွက်လာရတော့သည်။
YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Romantizmသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...