အပိုင်း(47)

375 20 13
                                    

"​ဟျောင့်​...​ရွှေသိမ်းပိုက် ဘာ​တွေဖြစ်​ကုန်​တာလဲ..."

"နိုင်​ထွန်း..​ဇေယျာကို...ငါ့ကိုကယ်​ပါအုံးကွာ..အသည်း​လေ...အသည်း..."

"စိတ်​​အေး​အေးထား.. အရမ်းကြီး..မတင်းထားနဲ့.."

"ခန္ဓာကိုယ်​မှာလည်း..​သွေး​တွေနဲ့ကွာ...."

"အသည်းငါ့ကို..မုန်းသွားပြီထင်​တယ်​...အသည်းငါ့ကို..မုန်းသွားပြီ . "

ခန္ဓာကိုယ်​တစ်​ခုလုံး​သွေး​တွေ​ပေကျံ​နေပြီး..မျက်​ရည်​အရွဲရွဲနဲ့​ပြော​နေတဲ့..​ရွှေသိမ်းပိုက်​ကိုကြည့်​ကာ..နိုင်​ထွန်းနဲ့​ဇေယျာကိုမှာ သနားဂရုဏာသက်​မိကြသည်​။

"မမုန်း​လောက်​ပါဘူးကွာ...စိတ်​​အေး​အေးထား.. အရမ်းကြီးမစိုးရိမ်​နဲ့..ခယ်​မ​လေးက​ရော..​တော်​​တော်​ဆိုးဝါးသွားလား.."

"မသိဘူး...ခွဲခန်းထဲ​တော့ဝင်​သွားတာပဲ....သူအဆင်​​ပြေမှာပါ​နော်​...အဆင်​​ပြေမှာ..မဟုတ်​လား..."

"အဆင်​​ပြေမှာပါ..ကွာ..အဆင်​​ပြေသွားမှာ..."

"တစ်​ခုခုဖြစ်​သွားရင်​..ငါ​တော့ရင်​ကွဲပါပြီ....အဖြစ်​မှန်​​တွေအားလုံးသိသွားရင်​..ငါ..​တောင်းပန်​ပြီး..ချစ်​တယ်​ဆိုတာ..ဖွင့်​​ပြောမလို့လုပ်​ထားတာ..ခု​တော့..ခု​တော့ကွာ..."

"ခုလည်း...​နောက်​မကျ​သေးပါဘူးကွာ..ခယ်​မ​လေး..သတိရလာရင်​​ပြောလို့ရတာပဲ.."

"ငါ..​ငါ​ကြောက်​​နေတယ်​....ငါ...သူတစ်​ခုခုဖြစ်​သွားမှာစိုးရိမ်​တာ..."

"မဖြစ်​​လောက်​ပါဘူးကွာ...အရမ်းကြီးမ​တွေးနဲ့..."

တတ်​နိုင်​သ​လောက်​..​ဖျောင်းဖျကာ...​ရွှေသိမ်းပိုက်​ကို..နှစ်​သိမ့်​​နေကြ​ပေမယ့်​..သူတို့ကိုယ်​တိုင်​လည်း..စိတ်​မ​ကောင်းကြ​ပေ....

"ဟိုလေ...."

အသံလာရာဆီကို​မော့ကြည့်​လိုက်​ကြ​တော့..မျက်​နှာငယ်​​လေးနဲ့ကြည့်​​နေတဲ့..​ဝေမှူံကို​တွေ့ရသဖြင့်​ ​ရွှေသိမ်းပိုက်​မှာ..​​ဒေါသ​တွေငယ်​ထိပ်​တက်​ကာ...ထိန်းမနိုင်​ဖြစ်​သွားရသည်​။

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now