ဖေဖေ့ရဲ့ နာရေးပြီးကတည်းက လာမယ်ပြောထားပြီး မသွားဖြစ်ခဲ့သည်မှာ (1)လပင်ပြည့်ခဲ့လေပြီ။ထို(1)လအတွင်း ဦးအောင်မြင့်ရွှေ ဆီကရော အန်တီဒေါ်ခင်မေပိုက်ဆီကရော လာဖို့အတွက် ဖုန်းတွေဆက်ပြီး ပြောကြသည်မှာ အကြိမ်ပေါင်းမနည်း.. ဒီတစ်ခါတော့ မလာရင် အိမ်ပါရောင်းပြီး လူလွှတ်ခေါ်ခိုင်းမည်ဆိုသောကြောင့် မသွားမနေရ သွားရတော့မည်။(1)လတောင်ကြာသွားပြီမို့ အားနာစရာလည်း ကောင်းနေပြီ မဟုတ်လား.....
"မောင်မျိုးရေ..ကျွန်တော်တို့ မနက်ဖြန် ရန်ကုန်သွားကြရအောင်..ဟိုကလည်း ဖုန်းခနခနဆက်နေတော့ အားနာနေပြီ"
"ဟုတ်အစ်ကိုလေး.. ကျွန်တော် ပြင်ဆင်ပြီး စီစဉ်စရာရှိတာ စီစဉ်ထားလိုက်ပါ့မယ်"
"အိမ်ကိုတော့ အငှါးထားခဲ့မှာမို့ သေချာရှင်းထားပေးခဲ့ရအောင်.."
"ဟုတ်..အစ်ကိုလေး"
မောင်မျိုးကတော့ တက်ကြွနေသည်...လူငယ်ပီပီ စူးစမ်းချင်စိတ်ကလည်းရှိတော့...ရန်ကုန်ကုန်မြို့ကြီးဆိုတာကို တအားပင်သွားချင်နေသည်။ရန်ကုန်သွားဖို့ ပြောနေတဲ့ သူတွေထဲတွင် သူလည်း တစ်ယောက် အပါအ၀င်ပင်...
မနက်စောစော ထွက်မည်ဆိုမှ အိမ်ငှါးက နောက်ကျမှရောက်လာတော့...စောင့်ပြီးမှာစရာရှိတာ မှာနေရတာနဲ့ (9)နာရီလောက်မှ အိမ်ကထွက်ဖြစ်ခဲ့သည်။ကားပြတင်းပေါက်ကနေ ဇာတိမြေရဲ့ သဘာဝ အလှတရားကို ခံစားကြည့်ရှူ့ကာ တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေထုလေးကို ရှူရှိုက်နေမိသည်။ကားထဲက ဖွင့်ထားတဲ့ သီချင်းသံလေးက နားထဲကို လွမ်းမောဖွယ် ပျံ့လွှင့်လာသည်။
🎶🎶တောပန်းကလေးများနဲ့ လှချင်တိုင်း လှနေပါတယ်.. .လမ်းလေးကွေ့ကောက်ရာ.. ဘေးနှစ်ဘက်မှာ.. အဆင်းတက်.. ခရီး ဆက်လို့် ..ဖြတ်ကျော်မြင်ကွင်း ရှေ့မှာ တောင်ပြာတန်းတွေ ဆီးလို့်ကာ....🎶🎶🎶
![](https://img.wattpad.com/cover/289953876-288-k566246.jpg)
YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Romanceသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...