အပိုင်း(19)

301 21 12
                                    

"ချစ်​လား...."

"ဗျာ..."

"​မေးတာ..မကြားလိုက်​လို့လား...."

"မဟုတ်​ပါဘူး...ကြားပါတယ်​.."

"ဒါဆို..​ဖြေ​လေ.."

"သား...တစ်​ခု..​မေးချင်​တယ်​..ရလား..."

"​မေး​လေ..."

"ဂိုးလ်​​ရော..သားကိုချစ်​လား..."

"ဟား....ဟား....ဒါက.ကိုယ်​အရင်​​မေးတာ​လေကွာ..."

"သား..ကြားချင်​လို့ပါ.....ဂိုးလ်​​ပြောတာကို..နား​ထောင်​ချင်​တာ..."

"ကိုယ်​..ညာ​နေတယ်​ ...ထင်​လို့လား..."

"သား..အဲ့လို...ထင်​လို့မရဘူးလား..."

"ဘာလို့...."

"သားကို..ဂိုးလ်​ က အရမ်းမုန်း​နေတာ​လေ...ခုချိန်​မှ..ရုတ်​တရက်​ကြီး...ဒီလို​ပြောလာ​တော့...သား..မယုံနိုင်​ဖြစ်​​​နေတာ...ပြီး​တော့..ဂိုးလ်းက မိန်းက​လေး​တွေ လိုချင်​​နေတဲ့..စိတ်​ကူးထဲက..စံပြ..​ယေက်ျား​လေး​တွေထဲကတစ်​​ယောက်​ပဲ​လေ...ဒီလိုလူမျိုးက..သားလို..​ယောက်ျား​လေးတစ်​​ယောက်​ကို...ချစ်​တယ်​တဲ့လား.."

"ဘာဆိုင်​လို့လဲကွာ...အချစ်​ ဆိုတာ..မိန်းမနဲ့​ယောက်ျားဖြစ်​​နေမှ..ချစ်​လို့ရတာလား...ကိုယ်​တစ်​ခု​ပြောပြမယ်​..အချစ်​ဆိုတာ..ပုံ​သေသတ်​မှတ်​ ထားလို့ရတဲ့  အရာမဟုတ်​ဘူး...ဥပမာ...ကိုယ်​က ပန်း​လေးတစ်​ပွင့်​ကို..ချစ်​တယ်​..ဒါလည်း..အချစ်​ပဲ...ကိုယ့်​ရဲ့မိဘနှစ်​ပါးကိုကိုယ်​ချစ်​တယ်​..ဒါက. ​နွေး​ထွေးတဲ့.ချစ်​ခြင်း​မေတ္တာ​...သူငယ်​ချင်း​တွေကို ချစ်​တယ်​..ဒါက ဖြူစင်​တဲ့..ချစ်​ခြင်း...ဘယ်​အရာကိုမဆို..ချစ်​လို့်​ရတယ်​..ဒါ​ပေမယ့်​..ချစ်​တဲ့ အရာ​ပေါ်မူတည်​ပြီး​တော့...ချစ်​ခြင်း​တွေက..ကွဲပြားတာ​ပေါ့...ကိုယ်​​ပြောတာ..နားလည်​ရဲ့လား..ဘယ်​လိုလဲ..ကိုယ်​​ဖြေလိုက်​တဲ့..အ​ဖြေကို​ရော..သ​ဘောကျ​ကျေနပ်​မှူရှိရဲ့လား..."

"ဟင်း....."

ကျွန်​​တော်​ မခို့တရို့​လေးရီလိုက်​မိသည်​။ချစ်​ခြင်း​မေတ္တာ​တွေအ​ကြောင်း..ဖွဲ့နွဲ့ကာ..​ပြော​နေတဲ့..သူ့မျက်​နှာကို.ကြည့်​ရင်း​ပေါ့...ဟန်​​ဆောင်​မှူအရိပ်​အ​ယောင်​  တစ်​ခုမှမ​တွေ့ရ...တည်​ငြိမ်​စွာ..​ပြော​နေတာများ..အချစ်​ဒသန​တွေ ​ဖော်​ကျူးတဲ့..ကဗျာဆရာတစ်​​ယောက်​လို...မျက်​လုံး​တွေကအစ..​လေးနက်​မှူအပြည့်​....

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now