အပိုင်း(45)

365 14 5
                                    

ဒီတစ်​​လောမှာ..​ရွှေသိမ်းပိုက်​တစ်​​ယောက်​..​ခြေအ​တော်​​လေး..ငြိမ်​​နေခဲ့သည်​။အပြင်​လည်း..သိပ်​မထွက်​...တစ်​ခါတစ်​​လေ..အ​ရေးကြီး​တွေ့ဆုံပွဲ​တွေဆိုရင်​​တော့..ညမိုးချုပ်​မှ..အိမ်​ပြန်​လာတတ်​​ပေမယ့်​..အလွန်​အကျွံ ​သောက်​စားလာတာမျိုး​တော့မရှိ....

ရွှေကု​ဋေ ​လေးမှာလည်း..အားလုံးရဲ့. .​စောင့်​​ရှောက်​မှူ​အောက်​မှာ..ဖွံ့ဖွံ့ဖြိုးဖြိုး​လေးနဲ့..ကြီးလာ​လေသည်​။လူ​တွေကိုမျက်​မှန်းတမ်းမိလာပြီး...စလိုက်​လျှင်​လည်း..ချစ်​စရာ​ကောင်း​အောင်​ရီပြတတ်​လာသည်​။အရင်​လို..သိပ်​မငို​တော့ပဲ..အကျင့်​​ကောင်း ​လေးဖြစ်​လာပြီး....အ​ဖေ​တွေအ​ပေါ်ချွဲတတ်​လာ​တော့..​ရွှေသိမ်းပိုက်​ နဲ့ထွဋ်​မြတ်​ကု​ဋေမှာ အချစ်​ပိုလာရသည်​။

"သား..​ရွှေကု​ဋေ ​လေး...ထပြီလား...လာ..​ဖေ​ဖေတို့​အောက်​ဆင်းရ​အောင်​..သားရဲ့Daddyက..အလုပ်​လုပ်​​နေတယ်​ထင်​တယ်​.."

ရွှေကု​ဋေ​လေး​ ကိုချီပြီး..​အောက်​ကိုဆင်းလာ​တော့..ဧည့်​ခန်းထဲမှာ..​ရွှေသိမ်းပိုက် ကို..မ​တွေ့ရသဖြင့်​...​အော်​​ခေါ်လိုက်​သည်​။

"ဂိုးလ်​...ဂိုးလ်​​ရေ...."

"​အေး.....ဘာလဲ...."

မီးဖိုခန်းထဲက​နေ..ထူးလိုက်​တာ​ကြောင့်​..နှစ်​​ယောက်​သား..မီးဖိုခန်းထဲကို..သွားလိုက်​ကြသည်​။

"ဂိုးလ်​..."

"ဘာလို့ခနခန..​ခေါ်​နေတာလဲ..."

"မဟုတ်​ပါဘူး...ဂိုးလ်​ရဲ့သားက..ဂျီကျ​နေလို့ပါ..."

ထွဋ်​မြတ်​ကု​ဋေ.  အရိုးသားဆုံး.မုသား​လေးဆိုလိုက်​သည်​။

"ခန​လေး..​ပွေ့ထားအုံး..ပြီးမှ​ခေါ်မယ်​.."

"ဂိုးလ်​က..ဘာလုပ်​​နေတာလဲ.."

"ဗိုက်​ဆာလို့...​ခေါက်​ဆွဲပြုတ်​ စား​နေတာ..."

"ဂိုးလ်​..ကလည်း..ဗိုက်​ဆာရင်​..သားတစ်​ခုခုလုပ်​​ပေးမှာ​ပေါ့.."

"ရတယ်​..မင်းအိပ်​​နေလို့..ငါ..ဒီတိုင်းပဲစားလိုက်​တာ..."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now