အပိုင်း(22)

305 22 11
                                    

🎶​တောင်​​ပေါ်​မြေမှာ..​တော်​၀င်​ပိ​တောက်​ပန်းမရှိ​ပေမယ့်​....ဖြူစင်​​စေတနာ.အရိုးခံစိတ်​ရင်းရှိကြတယ်​.........🎶

မောင်​မျိုးတစ်​​ယောက်​သီချင်း​လေးညည်းကာ..​ပျော်​​နေ​တော့သည်​။မ​နေ့က..စ​နေ​နေ့မှာ.မအားလို့..အပြင်​မသွားလိုက်​ရသည်​ကို..အခဲမ​ကျေဖြစ်​ကာ..စိတ်​​ကောက်​​နေ​သောကြောင့်​..ဒီ​နေ့​သေချာလိုက်​ပို့​ပေးမည်​ဟု..ကတိ​ပေးထားရသည်​။မနက်​စာ..စားပြီးကတည်းက..အခန်းထဲဝင်​လိုက်​ ...ခြံထဲဆင်းလိုက်​နှင့်​..သူတစ်​​ယောက်​တည်း အလုပ်​ရှူပ်​​နေသည်​။

'​ဒေါက်​..​ဒေါက်​....'

"အစ်​ကို​လေး...အစ်​ကို​လေး..."

'​ဒေါက်​...​ဒေါက်​..'

"အစ်​ကို​လေး.."

ရေချိုးခန်းထဲက..ထွက်​ထွက်​ချင်း..တံခါး​ခေါက်​သံကြားလိုက်​ရသဖြင့်​..အပြင်​ကလူမမြင်​​ပေမယ့်​..မျက်​​စောင်းထိုးလိုက်​သည်​။တက်​ကြွ​နေ​သော​မောင်​မျိုးပါပဲ...(11)နာရီမှသွားပါမယ်​ဆို..(10)နာရီထိုးကတည်းက..တံခါးလာ​ခေါက်​​နေသည်​။

"အစ်​ကို​လေး.."

"ကြားတယ်​​ဟေ့...ဘယ်​လိုဖြစ်​လို့..တံခါး​ခေါက်​​နေရတာလည်း..အ​စောကြီးရှိ​သေးတာကို..."

"အစ်​ကို​လေး..ပြင်​​နေပြီလား..သိချင်​လို့..."

"ပြင်​​နေပြီ...​နေအုံး.."

"ဟုတ်​..ကျွန်​​တော်​..​စောင့်​​နေမယ်​​နော်​.."

"​အေး..."

"မြန်​မြန်​လုပ်​​နော်​..​အစ်​ကို​လေး..."

"​အေးပါ..သား​ကောင့်​သားရဲ့. ..."

မောင်​မျိုးကို​ပြောရင်း..​ခေါင်းကိုတဘက်​နှင့်​သုတ်​ကာ..ဗီရိုထဲက..၀တ်​မယ့်​အ၀တ်​​တွေကို..ထုတ်​ပြီးကုတင်​​ပေါ်တင်​လိုက်​သည်​။ဗီရိုအ​ပေါ်ဆင့်​က...ဗူး​လေးတစ်​ဗူးကို..ယူပြီး..အဖုံးဖွင့်​လိုက်​​တော့...အသစ်​စက်​စက်​..နာရီ​လေးတစ်​လုံး....ဒီနာရီ​လေးက..အရင်​မြို့မှာ​နေတုန်းက..ရန်​ကုန်​လာဖို့တစ်​ရက်​အလိုမှာ..အချစ်​ဆုံးသူငယ်​ချင်း.. ​ဝေမှူံက၀ယ်​​ပေးခဲ့ခြင်းဖြစ်​သည်​။အမြဲတမ်းဝတ်​ထားဖို့..​ပြော​ပေမယ့်​..နှ​မြောလွန်းလို့..သိမ်းထားခဲ့သည်​။ဒီ​နေ့​တော့ အပြင်​ထွက်​မှာမို့..ဒီနာရီ​လေးကိုဝတ်​သွားမည်​။အ၀တ်​အစား​တွေဝတ်​ပြီး...မှန်​​ရှေ့မှာရပ်​လိုက်​​တော့...​နောက်​မှာ..ရပ်​​နေတဲ့​မောင်​မျိုးကို..မှန်​ထဲမှာ..​တွေ့လိုက်​ရသဖြင့်​..လန့်​ပြီး​အော်​မိသည်​။

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now