အပိုင်း(6)

410 27 2
                                    

'SHWE CONSTRUCTION'   

ဟု LED Board ဖြင့်​ ခမ်းနားစွာ ပြသထား​သော ရန်​ကုန်​မြို့၏ နာမည်​ကြီး ​ဆောက်​လုပ်​​ရေး ကုမ္ပဏီ တစ်ခု..ထိုကုမ္ပဏီကြီး၏ အစည်းအ​ဝေးခန်းမထဲတွင်​...

"ဒီလိုလုပ်​လို့မရဘူး​လေးဗျာ..ကျွန်​​တော်​တို့က ခင်​ဗျားကို ယုံလို့ ဒီလုပ်​ငန်းထဲမှာ ထည့်​ဝင်​ထားတဲ့ ရှယ်​ယာ​တွေက နည်းတာမဟုတ်​ဘူးဗျ ဒီဆုံးရှူံးမှူအတွက်​နစ်​နာ​ကြေးကို​တော့ အဆင်​​ပြေ​အောင်​​ဖြေရှင်းရမှာ ခင်​ဗျားတာဝန်​မဟုတ်​ဘူးလား"

ဦး​အောင်​မြင့်​​ရွှေ တစ်​​ယောက်​ ​ရှယ်​ယာရှင်​ အစည်းအ​ဝေးမှာ ဘာမှပြန်​မ​ပြောနိုင်​..ရှယ်​ယာ​တွေကို ​ဆောက်​လက်​စ shopping centre ထဲထည့်​ပြီး အကျိုးအမြတ်​များများရမည်​ အထင်​နှင့်​ အကွက်​ကျကျ စ်ီမံထား​သော်​လည်း အလုပ်​သမားများ၏ ​ပေါ့​လျော့မှူ​ကြောင့်​ လုပ်​ငန်းမှာဆုံးရှူံးမှူများစွာဖြစ်​ခဲ့ရသည်​။

"ဟုတ်​ကဲ့ ..ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​ ဒီကိစ္စနဲ့ပတ်​သက်​ပြီး ဘာမှမစိုးရိမ်​ကြပါနဲ့လို့ပဲကျွန်​​တော်​​ပြောချင်​ပါတယ်​ ကျွန်​​တော့်​ ကုမ္ပဏီ မှာ ထည့်​ဝင်​ထားတဲ့ ရှယ်​ယာ​တွေကို တစ်​ပြားမှ မထိခိုက်​​အောင်​ ကျွန်​​တော်​​ဆောင်​ရွက်​​ပေးမှာပါ"

ကုမ္ပဏီ၏ နာမည်​မကျ​စေရန်​ ရှယ်​ယာရှင်​​တွေကို ​ပြေလည်​ရာ​ပြေလည်​​ကြောင်းနှင့်​စိတ်​​အေး​အေးထားဖို့ ရှယ်​ယာ​တွေ ဘာမှမဖြစ်​ပဲ ပုံမှန်​အတိုင်းလည်​ပတ်​ပြီး ကုမ္ပဏီ ​ကြောင့်​ဖြစ်​ပျက်​သွားသမျှကို ​ဖြေရှင်း​ပေးမည့်​အ​ကြောင်းကို အထပ်​ထပ်​​ပြောဆိုပြီး ကတိ​တွေ​ပေးကာ ​တောင်းပန်​ရ​လေသည်​။ ထိုအခါမှ ရှယ်​ယာရှင်​​တွေက..

"ကျွန်​​တော့်​တို့ လက်​တွဲခဲ့ကြတဲ့ အချိန်​လည်းကြာပြီဆို​တော့ ယုံကြည်​​ပေးပါ့မယ်​ ဦး​အောင်​မြင့်​​ရွှေ ဒီကိစ္စ ကမြန်​မြန်​ ပြီးဆုံးသွားမှ ကျွန်​​တော်​တို့လည်း စိတ်​​အေးရမှာပါ ကျွန်​​တော့်​တို့ ခင်​ဗျားကို အချိန်​ နှစ်​ပတ်​​ပေးပါ့မယ်​ ဒီကြားထဲ အဆင်​​ပြေလာရင်​​တော့  တစ်​မျိုးစီစဉ်​ကြတာ​ပေါ့ ဒါ​ပေမယ့်​ ဒီနှစ်​ပတ်​အတွင်း ​ပြေလည်​​အောင်​ မ​ဖြေရှင်း​ပေးနိုင်​ရင်​​တော့ ကျွန်​​တော်​တို့ ခင်​ဗျားကို တရားစွဲရပါလိမ့်​မယ်​..ခွင့်​ပြုပါအုံး"

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now