အပိုင်း(23)

300 19 8
                                    

'ခွပ်​.....'

ဦး​အောင်​မြင့်​​ရွှေ ​ဒေါသ​တွေထွက်​ကာ..​ရွှေသိမ်းပိုက်​ ကိုထိုးလိုက်​သည်​။ဘာ​ကြောင့်​မှန်းမသိပဲ..ဗလိုင်းကြီး..အထိုးခံလိုက်​ရတာ​ကြောင့်​..စိတ်​ထဲခံရခက်​ကာ..ပြန်​​အော်​လိုက်​သည်​။

"​ဖေ​ဖေ....."

"ဘာလဲ.."

"​ဖေ​ဖေ..ဘာလို့ သားကိုထိုးတာလဲ..."

ဦး​အောင်​မြင့်​​ရွှေ.. လဲကျသွားတဲ့..သာဖြစ်​သူရဲ့..အင်္ကျီ​ကော်​လံကို..လက်​နှစ်​ဖက်​နှင့်​..ဆုတ်​ကိုင်​ကာ..ဆွဲမလိုက်​သည်​၊

"ဘာလို့ထိုးတာလဲ..ဟုတ်​လား..မင်းပါးစပ်​က..ဒီလို​မေးတာကိုက..အံ့သြစရာ​ကောင်း​နေပြီ..."

"​ဖေ​ဖေ..ဘာ​တွေ​ပြော​နေတာလဲ..သား..နားမလည်​​တော့ဘူး.."

"နားမလည်​ဘူး...ဟုတ်​လား...​အေး....နားမလည်​ချင်​အုံး...."

'ခွပ်​....ခွပ်​...'

အခန်းထဲတွင်​..သားအဖ..နှစ်​​ယောက်​ရဲ့..ထိုးကြိတ်​.​အော်​ဟစ်​သံ​တွေ​ကြောင့်​...​ဒေါ်ခင်​​မေပိုက်​.. အိမ်​အ​ပေါ်ထပ်​သို့​ပြေးတက်​သွားကာ..အခန်းထဲကိုဝင်​လိုက်​သည်​။သားဖြစ်​သူကို..အ​ပေါ်စီးက​နေထိုး​နေတာ​ကြောင့်​..ခင်​ပွန်းရဲ့လက်​​တွေကို..ဆွဲဖမ်းရင်း...တားလိုက်​သည်​။ဒေါ်ခင်​​မေပိုက်​ရဲ့...လှမ်းဆွဲမှူ​ကြောင့်​...လက်​သီးဟာ.​ရွှေသိမ်းပိုက် မျက်​နှာ၏၂လက်​မအကွာတွင်​..​လေထဲမှာ..ရပ်​တန့်​သွားရသည်​။

"ကို​အောင်​...."

"ဖယ်​စမ်း...ခင်​...မင်းကိုခိုက်​မိမယ်​..."

"မဖယ်​နိုင်​ဘူး....ကို​အောင်​...ကို​အောင်​..ဘာလို့...သားကို..ခုလိုလုပ်​ရတာလဲ..."

"ခင်​....."

"ကို​အောင်​...​တော်​​တော့လို့..ခင်​​ပြော​နေတယ်​​လေ..."

"​တောက်​စ်​...."

တောက်​တစ်​ချက်​​ခေါက်​ကာ...​ရွှေသိမ်းပိုက် ရဲ့..အင်္ကျီစကိုဆွဲကိုင်​ထားတဲ့လက်​​တွေကို...ဖြည်​လွှတ်​လိုက်​သည်​။ဒေါ်ခင်​​မေပိုက်​က​တော့..သားဖြစ်​သူကို..ခပ်​လှမ်းလှမ်းသို့ဆွဲ​ခေါ်သွားပြီး...မျက်​နှာကို..လက်​က​လေးနဲ့ အသာ..အယာ..ထိကိုင်​လိုက်​သည်​။

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now