ဦးအောင်မြင့်ရွှေ စီစဉ်တဲ့.စေ့စပ်ပွဲကို..ရွှေသိမ်းပိုက် မှာ.လက်မခံချင်သော်လည်း..မိခင်ဖြစ်သူ ရဲ့ဖျောင်းဖျမှူကြောင့်..ဘာမှအတွန့်မတက်ပဲ..လက်ခံလိုက်ရသည်။စေ့စပ်ပွဲဆိုပေမယ့်..ခမ်းခမ်းနားနားကြီးမဟုတ်..ကုမ္ပဏီ ကရှယ်ယာဝင်လူကြီးတစ်ချို့နဲ့..ရပ်မိရပ်ဖလေးတွေပဲဖိတ်ကာ..အကျဉ်းရုံးလေး..ပြုလုပ်ခဲ့သည်။ရုံးပိတ်ရက်နဲ့လည်း..တိုက်ဆိုင်နေသဖြင့်..၀န်ထမ်းတစ်ချို့လည်း..ရောက်လာကြသည်။
ထွဋ်မြတ်ကုဋေမှာ..ဧည့်သည်တွေကို..အားတုံ့အားနာပြုံးပြနေသော်လည်း..ရွှေသိမ်းပိုက် ကတော့..ကျောက်ဆစ်ရုပ်မျက်နှာ.ငှါးတပ်ထားသလား..ထင်ရလောက်အောင်..အပြုံးအရယ်မရှိ..တည်ငြိမ်အေးစက်လွန်းနေသည်။ဧည့်သည်တွေ စကားပြောနေတာကိုနားထောင်ရင်း..သူ့မျက်နှာကို..တစ်ချက်တစ်ချက် အကဲခတ်ကြည့်တော့..မျက်မှောင်ကြီးကြုတ်ကာ နှူတ်ခမ်းကို..တင်းတင်းစေ့ထားသည်။
ကျွန်တော်..သူ့အနားကို..တိုးထိုင်ရင်း..သူ့ရဲ့လက်သန်းလေးကို..ကိုင်ကာ..တိုးတိုးလေး..ခေါ်လိုက်သည်။
"ဂိုးလ်..."
"ဘာလဲ..."
"မျက်နှာကြီးက..ဘာလို့အဲ့လိုဖြစ်နေတာလဲ..ပြုံးပြုံးလေးနေလေ.."
"ငါ..ပျော်နေတယ် ထင်လို့လား..ပြုံးနေရအောင်.."
"ဘယ်သူကရော.ပျော်နေလို့လည်း..ဒါပေမယ့်..လူမှူရေးတော့ သိသင့်တယ် မဟုတ်လား.."
"မင်း..သိတတ်ရင်ပဲတော်ပြီ မင်းပါးစပ်ပိတ်ထား.. ငါ့ကို..စကားလာမပြောနဲ့.. "
"ဟုတ်..."
ကျွန်တော်နှူတ်ခမ်းလေးကို..သွားလေးနဲ့ဖွဖွလေးကိုက်ကာ..တိတ်တိတ်လေး နေလိုက်သည်။ခနကြာတော့..လူကြီးတွေထဲမှ..တိုက်ပုံအင်္ကျီဝတ်ထားတဲ့..အရပ်ရှည်ရှည်..လူတစ်ဦးက..ထိုင်နေရာမှထကာ...
YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Romantizmသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...