အပိုင်း(52)

241 17 6
                                    

ကုမ္ပဏီ ရုံးခန်းစားပွဲ​တွင်​..​ရွှေသိမ်းပိုက်​တစ်​​ယောက်​..အိ​နြေ္ဒမရပဲ...ဟို​လျှောက်​..ဒီ​လျှောက်​နဲ့..ဂဏာမငြိမ်​ဖြစ်​​နေသည်​။

'​ဒေါက်​...​ဒေါက်​...'

"၀င်​ခဲ့ပါ....."

ရုံးက..မန်​​နေဂျာ မ​လေးအထဲဝင်​လာ​တော့...ထိုင်​ခုံမှာ..ထိုင်​ခိုင်းလိုက်​သည်​။

"M.D..ဘာခိုင်းစရာရှိလို့လဲ.."

"​နောက်​နှစ်​ရက်​​နေရင်​..ရုံးပိတ်​ရက်​​ရောက်​ပြီမဟုတ်​လား.."

"ဟုတ်​ကဲ့..."

"ဒါဆို..ရုံးပိတ်​ရက်​မတိုင်​ခင်​..ဒီကြားထဲမှာ..ဆိုက်​ထဲက..အလုပ်​သမား​တွေကို....တစ်​ခြားဆိုက်​က..အလုပ်​သမား​တွေနဲ့..​နေရာလဲလိုက်​ပါ..."

"ရှင်​....."

"​ပြောတာ..မရှင်းလို့လား..."

"မဟုတ်​ပါဘူး..ရှင်း...ရှင်းပါတယ်​..."

"ဒါဆို..ခုကတည်းက..စလုပ်​လိုက်​​တော့..."

"ဟုတ်​ကဲ့...ဒါနဲ့​လေ..M.D.."

"အင်း​ပြော..."

"နှစ်​ရက်​အတွင်း..အလျင်​အမြန်​​ပြောင်းဖို့ကျ..."

"ကုမ္ပဏီ က..ကား​တွေသုံးခိုင်းလိုက်​...​ငွေပို​ပေးလိုက်​..."

"ဟုတ်​..ဟုတ်​ကဲ့..ဒါဆို..ခုပဲစီစဉ်​လိုက်​ပါ့မယ်​..."

"​ကောင်းပြီ..."

ထိုဝန်​ထမ်းမ​လေး...အပြင်​ထွက်​သွား​တော့.....ဖုန်းကို..ကိုင်​ကာ..နံပါတ်​တစ်​ခုကိုနှိပ်​ပြီး..ဆက်​လိုက်​သည်​။

"​အေး..ဟယ်​လို..နိုင်​ထွန်းလား..."

"​အေး​ပြော...."

"ဒီတစ်​ပတ်​..စ​နေ​နေ့ အားလား..."

"ဘာလို့လဲ..."

"​ပြောမှာသာ​ပြောစမ်းပါကွာ...."

"မသိ​သေးဘူး​လေကွာ...ခုမှ..ဗုဒ္ဓဟူး ပဲရှိ​သေးတာ.."

"မအားလည်း..အား​အောင်​..လုပ်​​ပေးစမ်းပါ.."

"ဘာကိစ္စ ရှိ​နေလို့လဲ..."

"ငါကွာ..အသည်းကို..အပြင်​လိုက်​ပို့မယ်​လို့​ပြောထားမိတယ်​..."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now