အပိုင်း(46)

418 19 18
                                    

သောကြာ​နေ့ည​နေခင်း...အချိန်​​တွေ..တ​ရွေ့​ရွေ့ကုန်​လာတာနှင်​အမျှ ..​ရွှေသိမ်းပိုက်​ရဲ့..စိတ်​​တွေလည်း..တစ်​ဖြည်းဖြည်း..ထူပူလာရသည်​။ရုံးခန်းထဲမှာ.ထိုင်​လိုက်​ထလိုက်​..​လျှောက်​သွားလိုက်​နဲ့..​ဆောက်​တည်​ရာမရြ​ဖစ်​​နေသည်​။တစ်​​နေ့ကုန်​..အဲ့လိုဖြစ်​​နေတာကို..ထွဋ်​မြတ်​ကု​ဋေ မှာ..အပြင်​က​နေမြင်​​နေရသဖြင့်​..စိတ်​မ​အေးနိုင်​ဖြစ်​​နေရသည်​။မေးချင်​​ပေမယ့်​လည်း..မ​မေးရဲ...စိတ်​အ​နှောက်​အယှက်​ဖြစ်​သွားမှာလည်း..မလိုချင်​...

"ထွဋ်​မြတ်​ကု​ဋေ.. .ရုံးခန်းထဲခနလာအုံး...."

"ဟုတ်​ကဲ့...."

အနားသွားဖို့အခွင့်​အ​ရေးရသည်​နှင့်​...မဆိုင်းမတွချက်​ချင်း​ပြေးသွားလိုက်​သည်​။

"ဂိုးလ်​...ဘာခိုင်းစရာရှိလို့လဲ..."

"ဘာမှ​တော့မရှိဘူး...မင်း..ဘာလုပ်​စရာရှိ​သေးလဲ..."

"ဘာမှမရှိ​တော့ပါဘူး..သား..အားလုံး..လက်​စသတ်​ပြီးပြီ.."

"​အေး..အချိန်​ဘယ်​​လောက်​ရှိသွားပြီလဲ..."

"(4)နာရီရှိပါပြီ..ရုံးဆင်းချင်​ရင်​..ဆင်းလို​ရပါပြီ..."

"ဒါဆို..ပြန်​ကြရ​အောင်​..​ရွှေကု​ဋေဆီဝင်​ကြအုံးမလား..."

"မ၀င်​​တော့ဘူး..သား..အိမ်​ရှင်းရအုံးမှာ..မနက်​ဖြန်​..ဦးငယ်​​ရောက်​မှာမဟုတ်​လား.."

"​သြော်​..ဟုတ်​သားပဲ...ဒါဆို..မင့်​ကို..အိမ်​ပြန်​ပို့​ပေးမယ်​..."

"ဂိုးလ်​က..ဘယ်​သွားအုံးမှာလဲ.. ."

"နိုင်​ထွန်းတို့နဲ့ချိန်းထားတယ်​.."

"မနက်​ဖြန်​မှ​တွေ့တာ..မဟုတ်​ဘူး..မနက်​ဖြန်​..ရုံးပိတ်​ပြီပဲဟာ.."

"ဒီ​နေ့​တွေ့မှရမှာ..ဒါ​ကြောင့်​မို့..."

"ဂိုးလ်​..."

"အင်း...."

"သား..​ပြောစရာရှိလို့...ဂိုးလ်​စိတ်​တိုမှာလား..."

"​ပြော​လေ..ဘာ​ပြောမှာလဲ.."

"ဟို​လေ...ဂိုးလ်​မှာ..စိတ်​ညစ်​စရာရှိ​နေလားဟင်​...ဒီ​နေ့တစ်​​နေကုန်​..ဂိုးလ်​စိတ်​နဲ့လူနဲ့မကပ်​သလိုပဲ...သား..ကူညီနိုင်​တာရှိရင်​​ပြော​လေ.."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now