အပိုင်း(35)

451 16 12
                                    

မနက်​​ရောက်​​တော့....ဦး​အောင်​မြင့်​​ရွှေ အပါအ၀င်​အိမ်​သား​တွေမှာ..ထွဋ်​မြတ်​ကု​ဋေရဲ့. အခန်းတံခါး..အ​ရှေ့မှာရပ်​ကာ..တံခါးကို​ခေါက်​လိုက်​သည်​။သို့​သော်​ အခန်းထဲမှဘာတုံ့ပြန်​မှူမှမရှိ.....

ညက​မောပန်းထားတဲ့ အရှိန်​နဲ့​ရော..မူး​နေတဲ့အရှိန်​နဲ့​ရော.​ပေါင်းကာ..​ရွှေသိမ်းပိုက် နဲ့ထွဋ်​မြတ်​ကု​ဋေမှာ.တုပ်​တုပ်​မျှမလှူပ်​ နှစ်​ခြိုက်​စွာ.အိပ်​​မောကျ​နေ​လေသည်​။ဦး​အောင်​မြင့်​​ရွှေမှာ..ထပ်​မ​စောင့်​နိုင်​​တော့သဖြင့်​..အခန်းရဲ့ အပို​သော့တစ်​​ချောင်းကိုယူကာ.တံခါးကိုဖွင့်​လိုက်​သည်​။တံခါးကိုဖွင့်​ဖွင့်​ချင်းမြင်​လိုက်​ရသည့်​မြင်​ကွင်း​ကြောင့်​..အားလုံးမှာ.ပါးစပ်​အဟောင်းသားဖြစ်​သွားရသည်​။

ကုတင်​​ပေါ်တွင်​..တစ်​ဉ်ီးကိုတစ်​ဦးမြဲမြံစွာဖက်​ထားပြီး..အ​ပေါ်ပိုင်းဗလားကျင်းဖြစ်​​နေသည့်​လူသားနှစ်​ဦး....ထွဋ်​မြတ်​ကု​ဋေ ရဲ့ ကိုယ်​လုံး​လေးမှာ.​ရွှေသိမ်းပိုက် ရဲ့ရင်​ခွင်​ထဲတွင်​...​ခါးကိုဖက်​ကာ..​ကွေး​ကွေး​လေး အိပ်​​ပျော်​​နေသည်​။ဦး​အောင်​မြင့်​​ရွှေနဲ့​ဒေါ်ခင်​​မေပိုက်​မှာ..ရှက်​လွန်းသဖြင့်​မျက်​နှာကြီးနီရဲကာ..တစ်​ဖက်​သို့လှည့်​လိုက်​ကြသည်​။နှင်းသွဲ့မှာ..ရှက်​​ပေမယ့်​လည်း...ကုတင်​ဘေးသို့သွားကာ..​ရွှေသိမ်းပိုက်​ကို..လှူပ်​နှိုးလိုက်​သည်​။

"​ရွှေသိမ်းပိုက်​.....ဟဲ့..​ရွှေသိမ်းပိုက်​..."

အရင်​ကတည်းက..နိုးရခက်​သူမို့..အင်း..အဲ​တောင်​ ပြန်​မလှူပ်​..

"​ရွှေသိမ်းပိုက်​...​ရွှေသိမ်းပိုက်​..."

'ဖြန်း........'

နှင်းသွဲ့ မှာ..စိတ်​မရှည်​​တော့သဖြင့်​..​ကျောပြင်​ကို..ရိုက်​ချလိုက်​​လေသည်​။ထိုအခါမှ ​ရွှေသိမ်းပိုက်​မှာ..မျက်​လုံး​လေး..မဖွင့်​ချင်​ဖွင့်​ချင်​ဖြင့်​..နိုးလာရ​လေသည်​။
မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့..နှင်းသွဲ့ကိုမြင်​သဖြင့်​.အ​ခြေအ​နေကို.မသိ​သေးပဲ.ရန်​ထဖြစ်​လိုက်​သည်​။

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now