အပိုင်း(49)

316 11 10
                                    

ရုံးဖွင့်​ရက်​..ဖြစ်​တာ​ကြောင့်​...တိုင်​ပင်​ထားတဲ့အတိုင်း..​ရွှေသိမ်းပိုက် နဲ့ နိုင်​ထွန်းက..အလုပ်သွားရပြီး..​ဇေယျာကိုက..ခွင့်​ယူကာ..​ဆေးရုံတွင်​​စောင့်​ရသည်​။ကုမ္ပဏီတွင်​..အလုပ်​လုပ်​​နေရ​သော်​လည်း..​ရွှေသိမ်းပိုက်​မှာ..အလုပ်​ထဲတွင်​..စိတ်​မ​ရောက်​...(5)မိနစ်ခြားတစ်​ခါ.​ဇေယျာကို, ကို..ဖုန်းဆက်​ပြီး..​ထွဋ်​မြတ်​ကု​ဋေအ​ကြောင်းကို.​မေး​လေသည်​။

"ဟယ်​လို.."

"ဘာလဲကွာ..ဘာလဲ...​ဒီ​လောက်​ဖြစ်​​နေရင်​လည်း..မင်းပဲလာ​စောင့်​လိုက်​​တော့..."

"​စောင့်​ချင်​တာ​ပေါ့ကွ..အလုပ်​ရှိ​နေ​သေးလို့..."

"ဘာမှမဖြစ်​ပါဘူး.. အ​ခြေအ​နေထူးရင်​..ငါ..အ​ကြောင်းကြားပါ့မယ်​.."

"အဲ့ဒါလည်း..အဲ့ဒါ​ပေါ့ကွာ.အသည်း..မင့်​ကို.ဘာ​တွေ​မေး​သေးလဲ.."

"ဘာမှမ​မေးဘူး....သူ့ဟာသူ..​အေး​အေး​ဆေး​ဆေးပဲ ​နေတာ.."

"ဘာ​ကျွေးပြီးပြီလဲ..."

"မုန့်​​ကျွေးထားတယ်​..."

"စားလား...."

"စားတယ်​..."

"ငါ့ကို​ရော..​မေး​သေးလား...."

"ခုနတုန်းက​တော့..​မေးတယ်​...ဒီ​နေ့..မ​ပေါ်လာဘူး​နော်​...ဘာဖြစ်​လို့လဲတဲ့...ငါလည်း..အလုပ်​သွားတာလို့..ခယ်​မ​လေးရဲ့​အမျိုးသားက..လုပ်​ငန်းရှင်​ တစ်​​ယောက်​လို့​ပြောလိုက်​​တော့..​သြော်​တဲ့..ဒါပဲ​ပြောခဲ့တာ..."

"ခု​ရော..ဘာလုပ်​​နေတာလဲ..."

"အိပ်​​နေတာ..."

"​အေးပါ..ငါည​နေ..ရုံးဆင်းဆင်းချင်းလာခဲ့မှာမို့...သည်းခံ​ပေးအုံး..."

"ငါကရတယ်​..မင်းသာ..ခနခန.ဖုန်းဆက်​မ​နေနဲ့.."

"အ​ခြေအ​နေသိချင်​လို့​ပေါ့ကွ...မင်းကလဲ.."

"​အေးပါ...ပိုကိုပိုတယ်​...အရင်​ကသာ..ခုလို.လုပ်​ခဲ့ရင်​..ခယ်​မ​လေးက​တော့..မင်းကိုဖူးဖူးမှူတ်​ထားမှာ.."

"ရှူး..တိုးတိုး..​ဟျောင့်​..ကြားသွားမယ်​.."

"မကြားပါဘူးကွာ..အိပ်​​နေတာကို..ဒါပဲကွာ..ချလိုက်​​တော့.."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now