အပိုင်း(58)

242 13 7
                                    

မမအိနဲ့ချိန်းထားတာ​ကြောင့်​..​ရွှေသိမ်းပိုက် လစ်​တဲ့အချိန်​..အပြင်​ကို..ခိုးထွက်​လာပြီး..​ကော်​ဖီဆိုင်​​လေးတစ်​ဆိုင်​မှာ..၀င်​ထိုင်​ကာ.​စောင့်​​နေလိုက်​သည်​။အ​တော်​ဖြစ်​သွားတာက..မအိမှာ..ဒီ​နေ့ရုံးမတက်​သဖြင့်​...ထွဋ်​မြတ်​ကု​ဋေ ချိန်းတဲ့​နေရာကို..လာနိုင်​ခြင်းဖြစ်​သည်​။

"​နောက်​ကျသွားလို့​တောင်းပန်​ပါတယ်​...​စောင့်​​နေရတာ.ကြာပြီလား.."

"ကြာ​တော့မကြာ​သေးပါဘူး..ထိုင်​ပါ."

"ဟုတ်​ကဲ့..."

ထွဋ်​မြတ်​ကု​ဋေ..ညွှန်​ပြတဲ့..ထိုင်​ခုံ​လေးမှာ..၀င်​လိုင်​လိုက်​ပြီး..​ရှေ့မှာရှိ​နေတဲ့..ထွဋ်​မြတ်​ကု​ဋေကို..ကြည့်​လိုက်​သည်​။

"ဟို.....ကျွန်​မကို...ဘာလို့​တွေ့ချင်​တာလဲ..မသိဘူး...ကိုမြတ်​..​စေရာသော်​..."

"​မေးစရာ​လေး..ရှိလို့ပါ...ဒီက..အစ်​မ..​ဖြေ​ပေးမယ်​..မဟုတ်​လား..."

"ဟုတ်​..ဟုတ်​ကဲ့..ရပါတယ်​..​မေးပါ..."

"အစ်​မ..ကျွန်​​တော့်​ကို..သိတယ်​..မဟုတ်​လား..."

"ရှင်​...."

"မအံ့သြပါနဲ့..ကျွန်​​တော်​ ..သိချင်​တယ်​..ကျွန်​​တော်​ဘယ်​သူလဲဆိုတာ.."

"ဟို...ဟို...ဘာကိုလဲ..မသိဘူး.."

"​ဝေ့လည်​​ကြောင်​ပတ်​ လုပ်​မ​နေပါနဲ့...ကျွန်​​တော်​...သိပြီးပါပြီ...ကျွန်​​တော့်​နာမည်​...ထွဋ်​မြတ်​ကု​ဋေ ဆိုတာကို..."

"ဟင်​....က​လေး...က​လေး...ဘယ်​လိုလုပ်​..."

"ကျွန်​​တော်​..ဒါပဲ..သိရ​သေးတယ်​..ကျွန်​​တော်​..ဘယ်​သူဆိုတာရယ်​..ကျွန်​​တော့်​ကို..သိတဲ့သူ​တွေရယ်​..ဒီ​လောက်​ပဲ.."

"က​လေး..ဒီ​လောက်​ဆိုရင်​..က​လေး..ပုံမှန်​ပြန်​ဖြစ်​​နေပါပြီ..မမအိ..၀မ်းသာတယ်​..က​လေး..."

"ဟုတ်​ကဲ့...ကျွန်​​တော်​. ဒီထက်​ပိုပြီး..သိချင်​လို့..ကျွန်​​တော်​​မေးတာ​တွေ​ဖြေ​ပေးနိုင်​မလား..."

"က​လေးတို့..အိမ်​​ထောင်​​ရေးကိစ္စ ​တွေ​တော့..မသိ​ပေမယ့်​..မမအိသိ​သ​လောက်​​တော့..​ပြောပြ​ပေးနိုင်​ပါတယ်​.."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now