အပိုင်း(29)

244 15 0
                                    

'​​ဒေါက်​......​ဒေါက်​...'

ညကြီးအချိန်​မ​တော်​..အခန်းတံခါးကို.လာ​ခေါက်​​နေတာ​ကြောင့်​..အိပ်​​နေရင်းမှ လန့်​နိုးလာရသည်​။မျက်​လုံးမဖွင့်​​သေးပဲ..​သေချာ​အောင်​စစ်​​ဆေးဖို့.နားစွင့်​ထားလိုက်​သည်​။သိပ်​မကြာပါ..တံခါး​ခေါက်​သံ​လေး..ထပ်​ထွက်​​ပေါ်လာပြန်​သည်​။

'​ဒေါက်​.......​ဒေါက်​...'

'​ဒေါက်​...​ဒေါက်​ ..'

တံခါး​ခေါက်​သံက..အဆက်​မပြတ်​ ထွက်​​ပေါ်လာ​နေတာ​ကြောင့်​..အိပ်​ရာမှလူးလဲထကာ..အိပ်​မှူန်​စုန်​၀ါးနဲ့. အခန်းတံခါးကို.ဖွင့်​လိုက်​သည်​။အခန်းတံခါးကိုဖွင့်​ဖွင့်​ချင်း..​ရွှေသိမ်းပိုက်​ မှာ..ကျွန်​​တော့်​ကိုတွန်းဖယ်​ကာ..အခန်းထဲကို..ဒယိမ်းဒယိုင်​နဲ့  ၀င်​သွားပြီး..ကုတင်​​ပေါ်တွင်​ ထိုင်​လိုက်​သည်​။ကျွန်​​တော်​လည်း.ဘာမှမ​ပြောပဲ. သူလုပ်​​နေတာ​တွေကို..တံခါးနားမှာ.ရပ်​ပြီးကြည့်​​နေလိုက်​သည်​။ကျွန်​​တော့်​ကို..သူ့​ဘေးနားမှာထိုင်​ဖို့..လက်​က​လေးနဲ့ ကုတင်​ ​ကိုပုတ်​ပြသည်​။အဲ့အချိန်​ထိလည်း..ကျွန်​​တော်​  တံခါးနားက​နေမ​ရွေ့​သေး..ခနကြာ​တော့..သူ..သက်​ပြင်းတစ်​ချက်​ချကာ ကုတင်​​ပေါ်က ထလာပြီးကျွန်​​တော့်​ရဲ့လက်​ကိုဆွဲယူကာ..ကုတင်​​ပေါ်တွင်​ ထိုင်​​စေသည်​။ကျွန်​​တော်​နဲ့သိပ်​မကွာ​ဝေးတဲ့​နေရာ​လေးမှာ.သူထိုင်​ချလိုက်​ပြီး....

"ထွဋ်​မြတ်​ကု​ဋေ.. ..."

"ဗျာ...."

"မနက်​ဖြန်​ မင်းကို..ငါရုံးလိုက်​ပို့မယ်​...ငါ့ကို​မ​စောင့်​ပဲ..မသွားနဲ့..."

ထူးထူးဆန်းဆန်း ​တွေ​ပြော​နေတဲ့သူ့ကို..ကျွန်​​တော်​မျက်​ခုံးတွန့်​ကာကြည့်​လိုက်​ပြီး...

"သားက..​စော​စော.သွားမှာ​လေ...ဂိုးလ်​က..ဒီ​လောက်​​တောင်​မူး​နေတာ..မနက်​ကို..ထနိုင်​ပါ့မလား..."

"ဒါက ငါ့ကိစ္စပါ..မင်း..အပူမပါဘူး..."

"ဟုတ်​...."

"ပြီး​တော့...ရုံးဆင်းရင်​လည်း..ငါပဲလာကြိုမယ်​...ငါလာတာကို​စောင့်​...."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now