အပိုင်း(63)

255 19 13
                                    

ဒေါ်ခင်​​မေပိုက်​ရဲ့..ကျန်းမာ​ရေး..အ​ခြေအ​နေကိုသိပြီး​နောက်​..ကွာရှင်းဖို့ကိစ္စကို..ခန​ရွှေ့ဆိုင်းလိုက်​သည်​။ထိုအ​ကြောင်းကို..မိသားစုစုံလင်​တဲ့..ထမင်းဝိုင်းမှာ..အားလုံး..သိ​အောင်​..​ပြောပြခဲ့​လေသည်​။

"ဦးငယ်​...."

"သားငယ်​...​ပြော​လေ...."

"​မေ​မေရဲ့..ကျန်းမာ​ရေး ..အ​ခြေအ​နေ​ကြောင့်​..သားတို့ကွာရှင်းဖို့ကိစ္စကို..ခနဆိုင်းငံ့ထားမလို့...ကွာ​တော့ကွာရှင်းမှာပါ..အချိန်​တစ်​ခုထိ ​စောင့်​ချင်​လို့ပါ...အားလုံး..တည်​ငြိမ်​သွားရင်​​တော့...ပထမလိုပဲလုပ်​ဖြစ်​မှာပါ.ကျွန်​​တော်​..​အောက်​ထပ်​ကအခန်းမှာပဲအိပ်​မှာမို့...ကို​ရွှေသိမ်းပိုက်​ က.အ​ပေါ်ကို​ပြောင်း​နေလိုက်​ပါ...."

ထွဋ်​မြတ်​ကု​ဋေ ရဲ့စကား​ကြောင့်​..နှင်းသွဲ့​ရော..​ရွှေသိမ်းပိုက်​​ရော..တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​ပြီး..အံ့သြ​နေကြသည်​...စိတ်​ထဲမှာ​တော့..​ပျော်​သွားကြသည်​မှာ..အမှန်​...

"သားငယ်​..သ​ဘောပါ..ခုလိုစဉ်းစား​ပေးလို့​ကျေးဇူးတင်​ပါတယ်​..."

"ဒီလို​နေရတာ​ကြောင့်​....ဒီအိမ်​မှာ..အရင်​က..လုပ်​သလိုပဲ..အားလုံးလုပ်​​ပေးမှာပါ...မနက်​စာကို​တော့...သားကပဲချက်​ပြီး..ညစာကို​တော့..​မောင်​မျိုးကချက်​ပါလိမ့်​မယ်​..ရုံးပိတ်​ရက်​​တွေဆိုရင်​​တော့..သားပဲချက်​ပါ့မယ်​.. ."

"​နေပါအုံး..ရုံးပိတ်​ရက်​​တွေဆို​တော့..."

"ဟုတ်​တယ်​..ဦးငယ်​...သား..ကုမ္ပဏီ မှာ..ပြန်​အလုပ်​ဆင်းမှာပါ..."

ရွှေသိမ်းပိုက်​နဲ့နှင်းသွဲ့မှာ..ထပ်​ပြီးအံ့သြရပြန်​​လေသည်​။

"က​လေး...က​လေး..အလုပ်​ပြန်​ဆင်းမလို့လား.."

"ဟုတ်​တယ်​..မမနှင်း..သား..အိမ်​မှာလည်း..ဘာမှလုပ်​စရာမရှိဘူး​လေ..."

"နားပါအုံးလား..က​လေးရယ်​..."

"လုံလုံ​လောက်​​လောက်​ နားခဲ့ပြီးပါပြီ..သား..အဆင်​​ပြေပါတယ်​..."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now