အပိုင်း(14)

318 18 10
                                    

မနက်​ခင်းရဲ့​နေ​ရောင်​ခြည်​က..ပြတင်း​ပေါက်​မှာ ကာထားတဲ့ လိုက်​ကာစကိုထိုး​ဖောက်​၀င်​​ရောက်​ကာ..မျက်​နှာ​ပေါ်သို့ ကျ​ရောက်​လာသည်​။ပုံမှန်​နိုး​နေကြအချိန်​မဟုတ်​​သော်​လည်း..ဒီ​နေ့မှထူးဆန်းစွာ ကြည်​ကြည်​လင်​လင်​ နှင့်​ ​နေလို့​ကောင်း​နေသည်​။ကုတင်​​ပေါ်ကမဆင်း​သေးပဲ..​ခေါင်းရင်းထိပ်​တန်း​ပေါ်မှာတင်​ထားတဲ့...ဖုန်းကိုဆွဲယူကြည့်​လိုက်​သည်​။မနက်​(၇)နာရီဆိုတာ​စောလွန်းတဲ့အချိန်​မဟုတ်​​ပေမယ့်​...အခါတိုင်းနှင့်​မတူအိမ်​တစ်​အိမ်​လုံးတိတ်​ဆိတ်​​နေသည်​။အခန်းထဲကထွက်​ပြီး...၀ရံတာက​နေခြံထဲကိုကြည့်​လိုက်​​သော်​လည်း...လူအရိပ်​​ယောင်​​တောင်​မ​တွေ့...​အောက်​ထပ်​ကိုဆင်းကာ..ထမင်းစားခန်းထဲဝင်​လိုက်​​တော့...အသီးအရွက်​​တွေကို..​ရေခဲ​သေတ္တာထဲ ထည့်​​နေတဲ့..​အ​မေဖြစ်​သူကို​တွေ့လိုက်​ရသည်​။

"​မေ​မေ..."

အသံကြား​တော့..နူးညံတဲ့အပြုံး​တွေနဲ့ကြည့်​ကာ...

"သား...နိုးပြီလား...အ​စောကြီးပဲ..."

"ဟုတ်​..​မေ​မေ..ဒီ​နေ့က တိတ်​ဆိတ်​လို့ပါလား..."

"အရင်​လိုပါပဲ ...သားရယ်​..."

"ဒီ​နေ့မှ..ပိုပြီးတိတ်​ဆိတ်​​နေတာ..နှင်းသွဲ့​ရော.....ပြီး​တော့...ဟို..."

စကားဆက်​မ​ပြောပဲ ရုတ်​တရက်​တိတ်​ဆိတ်​သွားတဲ့ သားဖြစ်​သူကိုကြည့်​ကာ...

"သားထွဋ်​ ကို​မေးချင်​တာလား....​မေးချင်​တာများ..သားရယ်​...တဟို,ဟို နဲ့ လုပ်​​နေရ​သေးတယ်​..."

"သိချင်​လွန်းလို့​တော့မဟုတ်​ပါဘူး ..ဘာ​တွေကြံစည်​ပြီး..ဘာ​တွေ လုပ်​​နေတာလဲ..ဆိုတာ​လောက်​ပါပဲ..."

"သားရယ်​...သားထွဋ်​.. ​လေးကို.ဘာလို့..ဒီ​လောက်​​တောင်​အမြင်​မကြည်​​တွေဖြစ်​​နေရတာလည်း....."

"​မေ​မေကလည်း..သူ့ဘက်​ကပဲ...သူ့ကိုဆို..စကား​လေးနဲ့ကို...မှား​ပြောလို့မရဘူး..."

"အဲ့လိုမဟုတ်​ပါဘူး..သားရယ်​..အရင်​ကလည်း...​မေ​မေ​ပြောဖူးတယ်​..သားထွဋ်​​လေးက သနားစရာ​လေးပါ..လူ့​လောကထဲ...၀င်​လာကတည်းက..အ​မေ​ခေါ်စရာမရှိခဲ့ဘူး...သူ့ဘ၀မှာ..တစ်​ဦးတည်း​သော..ရှိတဲ့ အ​ဖေကလည်း.သူ့ကိုဒီ​လောကကြီးထဲမှာ....ချန်​ထားပြီး...ဘယ်​​တော့မှပြန်​မလာနိုင်​​တော့တဲ့လမ်းကို..ထွက်​သွားခဲ့တယ်​...သားစဉ်းစားကြည့်​...သား​တောင်​..​ဖေ​ဖေ..​မေ​မေ..​ခေါ်စရာရှိ​သေးတယ်​..ဦးငယ်​​ရော..အစ်​မ​ရောရှိတယ်​..မိသားစုစုံစုံလင်​လင်​ နဲ့....သားထွဋ်​ ထက်​စာရင်​...သားကအများကြီးပြည့်​စုံ​နေတဲ့သူမဟုတ်​လား..သူ့မှာ.ငယ်​ငယ်​ရွယ်​ရွယ်​နဲ့.ကံတရားရဲ့..မစာမနာရိုက်​ချက်​​တွေကို..အားကိုးရမယ့်​သူမရှိပဲ ..တစ်​​ယောက်​တည်း..ခံစား​နေရတယ်​....​မေ​မေတို့မိသားစုကို..အားကိုးတကြီးနဲ့.. ခုံလှူံလာတဲ့သူ့ကို...​မေတ္တာ ​တွေ​ပေးရတာ..ကြီး​လေးတဲ့ ၀န်​​ဆောင်​မှူမှမဟုတ်​တာ...သားရယ်​...သားအတွက်​..​မေ​မေတို့က...တန်​ဖိုးမဖြတ်​နိုင်​တဲ့...တုနှိုင်းမဲ့ရတနာဆိုရင်​...သူ့အတွက်​​တော့ ​မေ​မေတို့က ထာဝစဉ်​ ​အေးချမ်းမှူနဲ့.....​နွေး​ထွေးမှူ​တွေ​ပေးနိုင်​တဲ့...ကမ္ဘာ​မြေရဲ့...အဖိုးတန်​ဆုံး​မေတ္တာ စက်​၀န်းကြီး​ပေါ့..သားရယ်​..."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now