အပိုင်း(48)

374 12 2
                                    

မျက်​လုံးဝိုင်းဝိုင်း​လေး​တွေနဲ့...​ကြောင်​စီစီ​လေးကြည့်​​နေတာမို့..​ရွှေသိမ်းပိုက်​မှာ..စိုးရိမ်​ပြီး..လက်​က​လေးကိုဆုတ်​ကိုင်​လိုက်​သည်​။

"အသည်း..မ​နောက်​နဲ့​နော်​...ကိုယ့်​ကို..အဲ့လိုမစပါနဲ့..အသည်းရယ်​..."

"တစ်​ကယ်​ပါ...ဒီက..အစ်​ကို.ဘာ​တွေ​ပြော​နေမှန်း..ကျွန်​​တော်​မသိဘူး..ကျွန်​​တော့်​ကို..သိလို့လား..ခင်​ဗျ.."

"အသည်း...အသည်းရယ်​..ကိုယ့်​ကို..ကိုယ့်​ကို..မမှတ်​မိ​တော့ဘူးလားဟင်​..."

"ဒါနဲ့.ဒါက..ဘယ်​​နေရာလဲ..ကျွန်​​တော်​ဘယ်​ကို​ရောက်​​နေတာလဲ..."

"ဒါ..​ဆေးရုံ​လေ..အသည်းရဲ့..."

"​ဆေးရုံ...ကျွန်​​တော်​က..​ဆေးရုံကို..ဘာလို့​ရောက်​လာတာလဲ..ပြီး​တော့..အစ်​ကိုက​ရော..ဘယ်​သူလဲဗျ..."

မျက်​လုံး​တွေကြည့်​လိုက်​​တော့..တည်​ငြိမ်​​နေတာမို့..လိမ်​​နေတာ..မဖြစ်​နိုင်​...ပြီး​တော့..ထွဋ်​မြတ်​ကု​ဋေ ကလိမ်​​နေရင်​..အမူအရာကအစ​ပြောင်းသွားတတ်​တာမို့..ခုပုံစံနဲ့..တစ်​ခြားစီဖြစ်​​နေသည်​။

"မဖြစ်​နိုင်​ဘူး..အသည်း...ဟင့်​အင်း..မဖြစ်​နိုင်​ဘူး..."

နောက်​ကို​ကြောက်​ရွံ့စွာ..ဆုတ်​လိုက်​ပြီး..မျက်​ရည်​​တွေစီးကျကာ ထွဋ်​မြတ်​ကု​ဋေ ကိုကြည့်​လိုက်​သည်​။ထွဋ်​မြတ်​ကု​ဋေက​တော့..တုန်​လှူပ်​ခြင်း..အလျဉ်းမရှိပဲ..​ရွှေသိမ်းပိုက်​ကို..နားမလည်​တဲ့မျက်​လုံး​တွေနဲ့သာ..ကြည့်​​နေခဲ့သည်​။
အခန်းထဲက​နေ..အလျင်​အမြန်​​ပြေးထွက်​သွားပြီး..တာဝန်​ကျဆရာကိုသွား​ခေါ်လိုက်​သည်​။တာဝန်​ကျဆရာ​ရောက်​လာပြီး..စမ်းသပ်​မှူ​တွေပြုလုပ်​ပြီး​နောက်​..​ရွှေသိမ်းပိုက်​မှာ..အနားကိုသွားကာ...စကား​ပြောလိုက်​သည်​။

"​ဒေါက်​တာ..ကျွန်​​တော့်​အမျိုးသား..အ​ခြေအ​နေ..."

"ခွဲစိတ်​မှူမှာ​တော့..ဘာပြသနာမှ မရှိခဲ့ပါဘူး.ကြည့်​ရတာ..လူနာက..​အောက်​ကိုပြုတ်​မကျခင်​..သူ​မေ့ချင်​တဲ့အရာကို..မှတ်​ဥာဏ်​ထဲက​နေ..ဖယ်​ရှားဖြစ်​ခဲ့တယ်​ထင်​တယ်​...."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now