အပိုင်း(33)

318 18 4
                                    

ဒီရက်​ပိုင်းအတွင်း အလုပ်​​တွေရှူပ်​​နေ​သော​ကြောင့်​..မနက်​​စော​စော.ရုံးသွားရပြီး..ညမိုးချုပ်​မှပြန်​လာတာ​ကြောင့်​..ဘယ်​သူနဲ့မှ..စကားမ​ပြောဖြစ်​..ည​ရောက်​လျှင်​လည်း..ပင်​ပန်း​သော​ကြောင့်​..အိပ်​ယာ​ပေါ်တက်​လိုက်​တာနဲ့တစ်​ခါတည်းအိပ်​​ပျော်​သွား​တော့သည်​။အလုပ်​မအားသည်​မှာ..ကုမ္ပဏီ တစ်​ခုတည်းဖြစ်​တဲ့..မမနှင်းတို့နဲ့​တောင်​..ရုံးတွင်​.သိပ်​မ​တွေ့ဖြစ်​..ရုံး​ရောက်​သည်​နှင့်​..အလုပ်​ထဲ..တန်း​ပြေးရ..လုပ်​ငန်း​ခေါင်း​ဆောင်​​တွေနဲ့..အစည်းအ​ဝေးလုပ်​...တစ်​ဖက်​က..ရင်းနှီးမြှုပ်​နှံမယ့်​ ကုမ္ပဏီ ကိုပြန်​တင်​ပြနဲ့..အလုပ်​​တွေရှူပ်​ကာ..နားချိန်​​တောင်​မရှိ...တစ်​ချို့​နေ​တွေဆို..မနက်​စာတစ်​မယ်​တည်းစားရပြီး..အ​ရေးကြီးတဲ့​နေ့​တွေဆို..တစ်​​နေ့လုံးမှ..ညစာတစ်​ခါသာ..စားရတဲ့​နေ့​တွေရှိခဲ့သည်​။ထို့အပြင်​..တစ်​​နေကုန်​အလုပ်​မပြီးလို့. ညဆိုင်းဆင်းရတဲ့​နေ့​တွေ..ညစားစားပွဲ​တွေနဲ့..မပြီးမစီးနိုင်​ဖြစ်​ကာ..လူမှာ..ချုံးချုံးချ​အောင်​..ပိန်​​နေ​တော့သည်​။

ကျွန်​​တော်​..ထိုကဲ့သို့..အလုပ်​ရှူပ်​​နေစဉ်​အတွင်း..​ရွှေသိမ်းပိုက်​နဲ့..ကျွန်​​တော့်​သူငယ်​ချင်း..​ဝေမှူံ တို့မှာ..တရင်းတနှီးရှိသွားကြသည်​။ကျွန်​​တော်​လည်း..မအားသည့်​အတွက်​..​ဝေမှူံအပြင်​သွားချင်​တဲ့အခါတိုင်း..​ရွှေသိမ်းပိုက်​နဲ့လွှတ်​ရသည်​က..များသည်​။ထိုသို့လွှတ်​တိုင်းလည်း..မမနှင်းနဲ့မမအိမှာ..ကျွန်​​တော့်​ကို..ဆူ​လေသည်​..ဘာ​ကြောင့်​လဲဆိုတာ​တော့ကျွန်​​တော်​မသိ..သိပ်​လည်း..ဂရုမစိုက်​နိုင်​အား..အဲ့ဘက်​ကို..အ​လေးထားဖို့အတွက်​..ကျွန်​​တော့်​မှာ.အချိန်​​တွေပိုမ​နေခဲ့...တစ်​​နေ့​တော့..ရုံးက၀န်​ထမ်းမ​လေးတစ်​​ယောက်​က..ကျွန်​​တော့်​ကို​ပြောလာသည်​။

"ကိုထွဋ်​မြတ်​ကု​ဋေ...."

"ဟုတ်​ကဲ့...ဘာ​ပြောစရာရှိလို့လဲ..ဘာကူညီ​ပေးရမလဲ..."

"ဘာမှကူည်ီ စရာမလိုပါဘူး...​ပြောစရာရှိလို့ပါ.."

"​သြော်​..ဟုတ်​ကဲ့​ပြောပါ..ခင်​ဗျ..."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now