အပိုင်း(10)

405 23 4
                                    

(A/N👉(....)ဤသည်​မှာ စိတ်​ထဲက​ပြော​သော စကားလုံးများပင်​ဖြစ်​သည်​)

အရက်​၏အခိုးအ​ငွေ့​တွေ​ကြောင့်​ ခန္ဓာကိုယ်​ ပူအိုက်​လာကာ အင်္ကျီကိုချွတ်​လိုက်​သည်​။ဘေးမှာ ​ကွေး​ကွေး​လေး အိပ်​​နေ​သော ထွဋ်​မြတ်​ကု​ဋေ ကို ဖက်​လုံးအထင်​နှင့်​ ဆွဲ​ပွေ့ကာ ခွဖက်​ထားလိုက်​သည်​။ထွဋ်​မြတ်​ကု​ဋေမှာလည်း ​နွေး​ထွေး​သော ရင်​ခွင်​ကြီးကို ​စောင်​အထင်​နှင့်​သိုင်းဖက်​ကာ တိုးဝင်​၍အိပ်​​ပျော်​​နေ​တော့သည်​။မနက်​(4)နာရီခန့်​အချိန်​တွင်​ ​ရွှေသိမ်းပိုက်​ တစ်​​ယောက်​ ​ရေဆာလာ​လေသည်​။အာ​ခေါင်​​တွေ​ခြောက်​လာ​သော​ကြောင့်​ လည်​ပင်း ကို လက်​နှင့်​ပွတ်​ကာ ဖက်​လုံးအထင်​နှင့်​ ဆွဲဖက်​ထား​သောထွဋ်​မြတ်​ကု​ဋေကိုဖယ်​လိုက်​သည်​။ထွဋ်​မြတ်​ကု​ဋေကလည်း ဖယ်​​လေ ရုန်း​လေဖြစ်​သဖြင့်​....

(ဘာလဲဟ.....ဖက်​လုံးက ဖယ်​​လေ ကပ်​​လေနဲ့..)

တွေးလို့မှမဆုံး​သေး လက်​တစ်​ဖက်​ကခါးကို သိုင်းဖက်​လာသည်​။လည်​ပင်းနားတွင်​ အသက်​ရှူထုတ်​တိုင်းထွက်​လာ​သော ​လေပူပူ​လေးနဲ့အတူနှာ​ခေါင်းထဲသို့ဝင်​​ရောက်​လာ​သော ​မွေးရနံ့တစ်​ခု...

(ဘယ်​ကရတဲ့အနံ့လည်း...ဒီလို အနံမျိုးတစ်​ခါမှ မရဘူးပါဘူး...)

တွေး​နေရင်းနဲ့တိုး​ဝှေ့လာ​သော ခန္ဓာကိုယ်​ ​လေး တစ်​ခု ..အိမ်​မက်​များလား...​ရွှေသိမ်းပိုက်​ မျက်​လုံးဖွင့်​ကြည့်​လိုက်​သည်​။မူး​နေတဲ့ အရှိန်​နဲ့မို့ ဘာမှ​ရေ​ရေရာရာ သိပ်​မမြင်​ရ...​သေ​သေချာချာ ပွတ်​သပ်​ကြည့်​မှ....

"ဟမ်​..."

မနက်​​စော​စော တိတ်​ဆိတ်​​နေသည့်​အချိန်​တွင်​ ကျယ်​​လောင်​​သော အာ​မေဋိတ်​သံတစ်​ခု..ထိုအသံ​ကြောင့်​ ​ဘေးတွင်​အိပ်​​နေ​သော ထွဋ်​မြတ်​ကု​ဋေ မျက်​ခုံး​လေးများတွန့်​သွားရသည်​။ရွှေသိမ်းပိုက်​တစ်​​ယောက်​ ပါးစပ်​ကို လက်​နှင့်​ပိတ်​ကာတိတ်​တိတ်​​လေး​နေမိသည်​။ခေါင်းတွင်​လည်း အ​တွေးများက၀င်​​ရောက်​လာသည်​..

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now