အပိုင်း(54)

221 11 0
                                    

"မအိ...အထိတ်​တလန့်​ရှိလိုက်​တာ...ဘာ​တွေဖြစ်​​ကုန်​တာလဲ.."

"ဘာ​တွေဖြစ်​ကုန်​တာလဲ ဆိုတဲ့အ​ကြောင်းရင်း​တော့မသိဘူး..​ပြောင်းလဲသွားတာက​တော့​သေချာတယ်​.."

"အ​သေးစိတ်​​ပြောပါအုံး..မအိရယ်​.."

"ဒီလိုပါ..နှင်း​ပြောပြလို့..နှင်း​မောင်​​လေးနဲ့က​လေးတို့ရဲ့..အိမ်​​ထောင်​​ရေးကိစ္စ.အားလုံးကို..မအိသိထားခဲ့တယ်​...ဒါ​ကြောင့်​လည်း..နှင်းတို့နိုင်​ငံခြားမသွားခင်​..မအိကိုအ​ခြေအ​နေကြည့်​ခိုင်းထားလို့..မအိ​စောင့်​ကြည့်​​နေခဲ့တာ.."

"..............."

"နှင်းတို့..ထွက်​သွား​တော့....ဘာ​ကြောင့်​လဲ ​တော့မသိဘူး..​ရွှေသိမ်းပိုက်​က..က​လေး..အ​ပေါ်ကို..အရင်​က​လောက်​..မကြမ်းတမ်း​တော့ဘူး...တစ်​ခါတစ်​​လေ..ဆူတာ​ငေါက်​တာမျိုးရှိ​ပေမယ့်​..အရမ်းကြီး..အပြစ်​တင်​​ပြောဆိုတာမျိုး​တွေမရှိခဲ့ဘူး..

ဒါ​ပေမယ့်​ သိပ်​မကြာခင်​မှာ..​ရွှေသိမ်းပိုက် ရဲ့​အ​ခြေအ​နေ​တွေ​ပြောင်းလဲ..လာသလို..က​လေးကလည်း..တစ်​ဖြည်းဖြည်း..ပိန်​လာတယ်​..ပိုဆိုးတာက..ိအိအပြင်​ထွက်​တိုင်း..​ရွှေသိမ်းပိုက်​ ကို..မိန်းက​လေးတစ်​​ယောက်​နဲ့အတူ..​တွေ့ရတာပဲ....စိတ်​ပူလို့..က​လေးကိုဖုန်းဆက်​​ပေမယ့်​....ဘာမှ​ရေ​ရေ..ရာရာ..ပြန်​မ​ပြောဘူး....

မအိ..​နောက်​ဆုံးဖုန်းဆက်​တဲ့..​သောကြာ​နေကိုမှတ်​မိလား...."

"ဟုတ်​..နှင်းမှတ်​မိပါတယ်​...."

"အဲ့ဒီ​နေ့ပြီး​တော့..က​လေး..​နေမ​ကောင်းဖြစ်​​နေတယ်​ဆိုပြီး..နှင်းဖုန်းဆက်​လို့..မအိစုံစမ်း​တော့..ဘာမှ​ရေ​ရေရာရာမသိခဲ့ရဘူး...တနင်္လာ ​နေ့..ရုံးပြန်​ဖွင့်​​တော့...​ရွှေသိမ်းပိုက် တစ်​​ယောက်​တည်း..ကုမ္ပဏီ ကိုလာတယ်​..ပြီး​တော့..မအိကို​ခေါ်​တွေ့ပြီး..အတွင်း​ရေးမှူး ​နေရာ..အသစ်​ပြန်​ခန့်​ဖို့တိုင်​ပင်​တယ်​..ဒါ​ပေမယ့်​..ဘာဖြစ်​ပြန်​တယ်​မသိဘူး..ချက်​ချင်း..မခန့်​​တော့ဘူး..ဖြစ်​သွားပြန်​​ရော..မအိလည်း..က​လေးက..ဘာဖြစ်​လို့လဲ ​မေး​တော့..​နေမ​ကောင်းလို့ အနားယူခိုင်းထားတယ်​..ကြာချင်​လည်း..ကြာမယ်​ဆိုလို့....​သြော်​..အားရှိ​အောင်​..နားခိုင်းတယ်​..ထင်​​နေတာ..​နောက်​​တော့....အလုပ်​ကို​ပေါ်မလာ​တော့တာ...."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now