'ဒေါက်......ဒေါက်'
"သားရေ...သားကြီးရေ..ထတော့..မေ့မေ့ကိုလေဆိပ်လိုက်ပို့အုံး မင့်ဦးလေးကို သွားကြိုမှာ မင့်ဖေဖေမအားလို့.."
အခန်းတံခါးကို မနိုးမချင်း တစ်ဒေါက်ဒေါက်ခေါက်နေသော မေမေ..
ဦးလေး...ဦးလေး ..ဟင် ဒါဆို နှင်းသွဲ့ပြန်လာပြီပေါ့.. ကျွန်တော် အိပ်ချင်မူးတူးဖြစ်နေရာကနေ ထထိုင်လိုက်သည်။မျက်နှာကြီးပြုံးဖြီးလာကာ.."ဟုတ် ခနလေး မေမေရေ သား မျက်နှာသစ်လိုက်အုံးမယ်"
ရေး........နှင်းသွဲ့ နောက်ဆုံးတော့ နင်ပြန်လာပြီပေါ့..သတိရနေတာ အစ်မတော်ရေ....
နှင်းသွဲ့ဆိုသည်မှာ ကျွန်တော့်ဖေဖေရဲ့ ညီအရင်း ဦးအောင်မြင့်ငွေရဲ့ တစ်ဦးတည်းသောသမီး အတိုချုန်းပြောရရင် ကျွန်တော်ဘယ်လောက်ဆိုးဆိုး စိတ်ထဲက မပါပဲ ပြောဆိုတတ်ပေမယ့် ကျွန်တော့်ကိုဆို အလိုလိုက်သိပ်ချစ် တတ်တဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသော အစ်မပေါ့....ဦးလေးက ဖေဖေ့ထက်အရင်အိမ်ထောင်ကျတော့ နှင်းသွဲ့က ကျွန်တော့် အစ်မဖြစ်သွားရတော့သည်။မျက်နှာသစ်ပြီး ဗီရိုထဲမှ ဂျင်းနက် ဒူပြဲလေးကို မိုးပြာရောင် တီရှပ်နဲ့တွဲဝတ်ပြီး အပေါ်က ရှပ်ကွက် လက်ရှည် အဖြူရောင်လေး ထပ်ကာ ၀တ်လိုက်သည်။ရေမွှေးလေးကိုမွှေးနေရုံသာဆွတ်ပြီး ဆံပင်ကို ဂျယ်လေးနဲ့ နည်းနည်းသလိုက်သည်။အောက်ထပ်သို့ ပြေးဆင်းကာ မေမေ့အနားကို ကပ်ပြီး....
"မေမေ..ဦးလေးပြန်လာပြီဆိုတော့ နှင်းသွဲ့ရော ပါလာမှာလားဟင်"
"သားရယ် ..ကိုယ့်အစ်မကိုဘယ်လိုခေါ်လိုက်တာလဲ..မမဆိုလည်းမမ မနှင်းဆိုလည်း မနှင်းပေါ့"
"အာ ...မေမေကလည်း သားထက် ၂နှစ်လေးကြီးတာကိုမခေါ်ချင်ပါဘူး ငယ်ငယ်ကတည်းကဒီလိုပဲခေါ်လာတာကို လျှာယားစရာတွေ"

YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Romanceသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...