အပိုင်း(30)

280 14 2
                                    

'တီ..တီ....'

'တီ......တီ....'

ဖုန်းမှ..နိုးစက်​သံ​လေးမြည်​လာတာ​ကြောင့်​..မျက်​လုံးမဖွင့်​​သေးပဲ...လက်​နဲ့စမ်းကာ..ဖုန်းကိုယူလိုက်​သည်​။ခန​လောက်​မိန်း​နေပြီးမှ..ဖုန်းscreen.ကိုဖွင့်​ကြည့်​လိုက်​​တော့.(3:15) မိနစ်​...ဖုန်းကိုချပြီး..​ရေချိုးခန်းထဲဝင်​ကာ..လန်းသွား​အောင်​ မျက်​နှာသစ်​လိုက်​သည်​။ အ​ပေါ်ထပ်​ ရှပ်​ကွက်​ အပြာနု​လေးကို..၀တ်​ကာ​အောက်​ထပ်​သို့ ဆင်းခဲ့သည်​။

"အစ်​ကို...ဘယ်​သွားမလို့လဲ..."

ဧည့်​ခန်းထဲက..​အော်​သံ​ကြောင့်​..​ခြေလှမ်း​တွေရပ်​တန့်​သွားပြီး..​ခေါင်းကိုလှည့်​ကာကြည့်​လိုက်​သည်​။

"အပြင်​သွားမလို့..."

"ဘယ်​ကိုလဲ.."

"ကုမ္ပဏီ.. ."

"ဒါဆို..ကျွန်​မ​ရော..လိုက်​ခဲ့လို့ရမလား.."

"မရဘူး..."

"ဘာလို့လဲ..အစ်​ကိုမရှိရင်​ ကျွန်​မ.ဒီအိမ်​ထဲမှာတစ်​​ယောက်​တည်း.ဘယ်​လို​နေခဲ့ရမလဲ..."

"​မေ​မေ..ပြန်​မ​ရောက်​​သေးဘူးလား.."

"ဟမ်​..ဘယ်​သူ..."

"ငါ့ အ​မေ ပြန်​မ​ရောက်​​သေးဘူးလားလို့..."

စိတ်​မရှည်​တဲ့​လေသံနဲ့​မေးချလိုက်​​တော့..​ဝေမှူံ ခမျာ.တွန့်​သွားပြီး....

"မ​ရောက်​​သေးပါဘူး..ပြီး​တော့ အစ်​ကိုတက်​သွားပြီးကတည်းက..ကျွန်​မတစ်​​ယောက်​တည်း..ဒီမှာရှိ​နေတာပါ.."

"​သြော်​..ဒါဆိုလည်း..တစ်​​ယောက်​တည်း.ဆက်​​နေလိုက်​အုံး..ငါထွဋ်​မြတ်​ကု​ဋေကို..သွားကြိုမှာ.မကြာခင်​ပြန်​​ရောက်​မယ်​.."

"ကျွန်​မ....."

"သိပ်​မကြာဘူး...အိမ်​သား​တွေ...အားလုံးပြန်လာ​တော့မှာ..မင်း..ဗိုက်​ဆာ​နေရင်​..တစ်​ခုခု..စားထားလိုက်​.."

ပြောချင်​တာ​တွေ​ပြောပြီး..ထွက်​သွားတဲ့..​ရွှေသိမ်းပိုက် ကို.​ကြောင်​ကြည့်​ကာ..အ​ပေါက်​၀တွင်​ ရပ်​ပြီးကျန်​ထားခဲ့​တော့သည်​။

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now