အေးချမ်းလှတဲ့မြို့ငယ်လေးတစ်မြို့..ထိုမြို့လေး၏ အလယ်ဗဟိုမကျတကျခြံဝင်းအတွင်းတွင် နှစ်ထပ်တိုက်လှလှလေးတစ်လုံး..ခြံအတွင်းအလှပန်းပင်များ မြက်ခင်းစိမ်းစိမ်းများပေါ်တွင်ထိုင်နေသော လူငယ်လေးတစ်ဦး..သူ့နာမည်"ထွဋ်မြတ်ကုဋေ" လူ့လောကထဲဝင်လာလာခြင်း မိခင်ဆိုတာ တွေ့ခွင့်မရတဲ့သူ့အတွက် သူ့အဖေက မိခင်မေတ္တာရော ဖခင်မေတ္တာရောပေါင်းကာ သူများတွေကို အားကျစရာမလိုအောင် ချစ်ပေးခဲ့သည်။သို့သော် ....ဒီမေတ္တာတွေ ပေးခဲ့သော အဖေသည် တစ်ချိန်ချိန်မှာ ပျောက်ကွယ်သွားခဲ့လျှင်..........
"ဒေါက်....ဒေါက်.."
"ဖေဖေ....ဖေဖေ..."
"ဖေဖေနိုးပြီလား.....ထတော့လေ သားနဲ့ လမ်းလျှောက်ထွက်ရအောင်"
ဖေဖေ့နှလုံးရောဂါအခြေအနေဆိုးနေပြီမှန်းသိလိုက်ရတဲ့နေ့ကစ မနက်စောစောထ ဖေဖေ့ရဲ့ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေဝယ်ဖို့ဈေးသွား ချက်ပြုတ် ဖေဖေနဲ့အတူလမ်းလျှောက်ထွက် ပြန်ရောက်ရင် ချက်ပြီးသားတွေကိုပြန်နွေးပြီး ထမင်းဝိုင်းမှာ လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆွေးနွေးရင်း ထမင်းစားရတာတွေက ကျွန်တော့်ရဲ့ နေ့စဉ်လုပ်ရတဲ့အလုပ်တစ်ခုလိုဖြစ်နေခဲ့သည်။ကျွန်တော်သိပ်ပျော်တယ် အဖေအမေမပြည့်စုံပေမယ့် ကျွန်တော့်ကိုသိပ်ချစ်တဲ့ အဖေနဲ့အတူရှိနေရတာမဟုတ်လား......"သား.....ထွဋ်မြတ်ရေ..."
"ဟုတ် ဖေဖေ .."
"ဒီနေ့ မင့်ဦးလေး အောင်မြင့်ရွှေဆီ ပိုက်ဆံသွားလွှဲလိုက်အုံးနော် "
"ဟုတ်ဖေဖေ သားထမင်းစားပြီးရင် သွားလိုက်ပါ့မယ်"
ဦးအောင်မြင့်ရွှေကဖေ့ဖေ့ဆီ တစ်ခါတစ်လေမှလာတတ်ပေမယ့် သူလာရင် တစ်ပတ်ဆယ်ရက်နေတတ်တာမို့ ကျွန်တော့်အပေါ်သိပ်ချစ်ပြီး ကျွန်တော်ဦးလေးအရင်းလိုချစ်ရတဲ့ ဖေ့ဖေ့သူငယ်ချင်း တွေထဲက တစ်ယောက်ပေါ့ ....
YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Romanceသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...