အပိုင်း(64)

253 13 2
                                    

ရွှေသိမ်းပိုက်​တစ်​​ယောက်​..ရုံးခန်းထဲမှာ..နာရီကြည့်​လိုက်​..အပြင်​ကိုကြည့်​လိုက်​နဲ့..ထွဋ်​မြတ်​ကု​ဋေပြန်​အလာကို..​မျှော်​​နေသည်​။နေ့လည်​စာ..စားချိန်​​ကျော်​​နေတာ​တောင်​..​ရောက်​မလာသဖြင့်​..ဖုန်း​ခေါ်ကြည့်​လိုက်​သည်​။ဖုန်းသံမှာ..အပြင်​က..ကြားရတာမို့..ထွက်​ကြည့်​လိုက်​​တော့.. ဖုန်းမယူသွား​ပေ...

"အသည်းကလည်းကွာ...ဖုန်းယူသွားပါဆို..."

ကိုယ့်​ဘာသာ​ပြောပြီး...​အောက်​ထပ်​ကိုဆင်းလိုက်​သည်​။Reception..မှာ..မအိကို​တွေ့သဖြင့်​​လျှောက်​သွားလိုက်​သည်​။

"မမအိ..."

"ဟုတ်​..."

"အသည်းပြန်​လာပြီလား..."

"ရှင်​..ဘယ်​သူ..."

"ထွဋ်​မြတ်​ကု​ဋေ ပြန်​​ရောက်​ပြီလားလို့..."

"မ​တွေ့​သေးပါဘူး.."

"​မောင်​မျိုး​ရော.."

"သူ့ကိုလည်း..မ​တွေ့ဘူး.."

"ကျွတ်​စ်​...ဘာလုပ်​​နေကြတာလဲ..မသိဘူး.."

စိတ်​ပူပန်​စွာနဲ့..အပြင်​ထွက်​ပြီး.ကားထုတ်​ကာ..ထက်​​နေ..ကုမ္ပဏီ ကို..​မောင်းထွက်​ခဲ့သည်​။.ကုမ္ပဏီ ထဲဝင်​လိုက်​​တော့ ..နေ့လည်​စာ..စားချိန်​မို့..လူသိပ်​မရှိ...

"မင်္ဂလာပါရှင်​..ဘာများ..ကူညီ​ပေးရမလဲ..."

"ဒီကုမ္ပဏီရဲ့ M.D.ရှိလား..."

"M.D.မရှိပါဘူးရှင့်​..​နေ့လည်​စာ..သွားစားပါတယ်​.."

"ဘယ်​ကိုသွားတာလဲ..."

"အဲ့ဒါ​တော့..မသိပါဘူးရှင်​..ကျန်​တာ..ဘာများကူညီ​ပေးရမလဲ..."

"ရပါပြီ.. "

"ဟုတ်​ကဲ့..."

စိတ်​ပျက်ပျက်​နဲ့..ပြန်​ထွက်​ခဲ့ပြီး..ကား​လေးကို​မောင်းထွက်​ခဲ့​တော့..ဟိုကြည့်​ဒီကြည့်​ရင်းနဲ့..ဆိုင်​တစ်​ဆိုင်​မှာ..ထွဋ်​မြတ်​ကု​ဋေကို..ရုတ်​တရက်​​တွေ့လိုက်​ရသဖြင့်​..ကားကို...ထိုဆိုင်​ဘက်​ကို..​မောင်းလိုက်​သည်​။

"ညီ. စား​နော်​..အားမနာနဲ့...ညီက..ရှမ်း​ခေါက်​ဆွဲကြိုက်​တာလား..."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now