အပိုင်း(61)

263 13 4
                                    

"ဟမ်​...ဒါ..တစ်​ကယ်​လား.."

"အင်း..."

မအိလည်း..​ပြောပြထား​ပေမယ့်​..အားလုံး..အမှန်​အတိုင်းသိလိုက်​ရ​တော့...နှင်းသွဲ့မှာ..ပါးစပ်​အ​ဟောင်းသားနဲ့..အံ့သြမဆုံးဖြစ်​​နေရသည်​။

"နင်​..ဒီလိုမျိုး..​အေး​အေး​ဆေး​ဆေး​လေး..​ပြော​နေနိုင်​တာကို..အံ့သြစရာ​ကောင်း​နေပြီ.."

"ငါ..ဒီလိုသာ​ပြော​နေ​ပေမယ့်​..ငါဘယ်​​လောက်​ခံစား​နေရလဲဆိုတာ..နင်​မှမသိတာ..."

"​ရွှေသိမ်းပိုက်​ရယ်​..နင်​..တစ်​ကယ်​ကိုမ​ကောင်းတဲ့​ကောင်​ပဲ..က​လေး.က​လေးခမျာ ဘယ်​​လောက်​ခံစားပြီး​ကြောက်​​နေခဲ့လိမ့်​မလဲ.."

"ငါကိုယ်​တိုင်​လည်း..မထင်​ခဲ့မိဘူး...အဲ့​နေ့ညက.မူး​နေ​တော့..ဘာမှကို..မသိခဲ့တာ..ဒါ​ကြောင့်​..အဲ့ဒီက​လေးဟာ.ငါ့က​လေးလိုထင်​ခဲ့မိတာ.."

"အဲ့ဒါနဲ့ နင်​က​ခေါ်ပြီး..က​လေးကိုထိန်းခိုင်းခဲ့တယ်​​ပေါ့.."

"ငါဘာမှမတတ်​နိုင်​ခဲ့ဘူး...ငါ..ဒီက​လေးကိုမထိန်း​ပေးရင်​..​နောက်​ဆက်​တွဲ ​တွေက..ရှိလာမှာ..ငါ..ငါလည်း​ကြောက်​​နေခဲ့ပါတယ်​..."

"ဘာကိုလဲ...နင်​နာမည်​ပျက်​မှာကိုလား..."

"မဟုတ်​ဘူး...ငါရဲ့မဆင်​ခြင်​တဲ့အပြစ်​အတွက်​...အသည်းငါ့ကို..မုန်းသွားမှာကို.ငါ​ကြောက်​​နေခဲ့တာ.."

"ဘယ်​လို...."

"ဟုတ်​တယ်​...အဲ့ဒီက​လေးဟာ..ငါ့က​လေးမဟုတ်​ဘူးဆိုတာ..အမှန်​အတိုင်းသိရတဲ့​နေ့က..အဖြစ်​မှန်​​တွေကို..​ပြောပြ..၀န်​ချ​တောင်းပန်​ပြီး..အသည်းကို..ငါချစ်​တယ်​ဆိုတာကို..ဖွင့်​​ပြောမလို့လုပ်​ထားတာ.. ဒါ​ပေမယ့်​..အ​ခြေအ​နေ​တွေက.တစ်​မျိုးဖြစ်​သွားခဲ့တယ်​ဟာ..."

"ဒါဆို..နင်​..နင်​က. ."

"ဟုတ်​တယ်​..အဲ့ဒီမတိုင်​ခင်​ကတည်းက..ငါ..ထွဋ်​မြတ်​ကု​ဋေ ကို..ချစ်​​နေတယ်​ဆိုတာ..သိခဲ့ရတာ...ဒါ​ပေမယ့်​..ဒီကိစ္စ ​တွေဖြစ်​လာ​တော့..ငါခန..​စောင့်​ကြည့်​​နေရင်းနဲ့...ငါ့ရဲ့အစီအစဉ်​​တွေအားလုံး​ပြောင်းပြီး...ခုလိုဖြစ်​ကုန်​တာ.."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now