မနေ့က..နေမကောင်းဘူးဆိုပြီး..ခွင့်ယူထားတဲ့..ဦးအောင်မြင့်ရွှေ မှာ.ဒီနေ့ရုံးပြန်တက်သဖြင့်..ထွဋ်မြတ်ကုဋေ တစ်ယောက် အရိပ်တကြည့်ကြည့်နဲ့..အလုပ်တောင်ဖြောင့်အောင်မလုပ်နိုင်...ရုံးခန်းထဲကိုသာ..လှမ်းကြည့်နေတော့သည်။ကြည့်လိုက်တိုင်းလည်း..ဦးအောင်မြင့်ရွှေမှာ.မျက်နှာမကောင်း..တစ်ခုခုဖြစ်သွားမှာ..စိုးရိမ်ကာ..ရင်တစ်ထိတ်ထိတ်နဲ့..ဖြစ်နေရသည်။မနက်က..ထမင်းဝိုင်းမှာလည်း..ထမင်းကို..ဟုတ်တိပတ်တိမစား..အကြည့်ဆုံတိုင်းလည်း..မျက်နှာလွှဲသွားသည်။ဘာဖြစ်နေတာလဲ..မေးချင်ပေမယ့်..ကိုယ်က..သူစိမ်းမို့..အရာရာ..၀င်စွက်ဖက်လို့မကောင်း...မိသားစု..အတွင်းရေးဆို..ကိုယ်က..မေးမိရင်တောင်..အားနာ..စရာတွေဖြစ်ရမည်..ဒါပေမယ့်..ခုလို..တစ်နေကုန်..မျက်နှာ.မသာမယာနဲ့..စိတ်မရွှင်မလန်းဖြစ်နေသည်ကို..ဆက်၍မကြည့်နိုင်သဖြင့်..အကြောင်းအရင်းကို..မေးရန်..ထရပ်လိုက်သည်။ရုံးခန်းတံခါး..အရှေ့မှာရပ်ပြီး..လက်ကိုင်ကို..ကိုင်ကာ..ဖွင့်မည်အပြု..အခန်းတံခါးက..ပွင့်သွားလေသည်။ကျွန်တော်လည်း..လက်ကို..ရုတ်ကာ..ဘေးကို..ကပ်ပြီးရပ်နေလိုက်သည်။
"သြော်..သားထွဋ်.. "
"ဟုတ်...ဉ်ီး...."
"ရုံးခန်းထဲလာမလို့လား...ပြောစရာရှိလို့လား..."
"ဟို..ထွေထွေထူးထူး တော့မဟုတ်ပါဘူး..."
"ဒါဆိုလည်း..အလုပ်ဆင်းရအောင်လေ..."
"ဗျာ...ဘာလို့လဲ..ဦးနေရတာ..အဆင်မပြေလို့လား...ဘယ်နေရာက..နေမကောင်းဖြစ်လို့လဲ...."
"ဦး..နေကောင်းပါတယ်..."
"ဒါဆို..ဘာလို့ပြန်မှာလဲ..."
"ရုံးဆင်းချိန်..ရောက်ပြီလေ..သားထွဋ်ရဲ့...."
"ဟမ်...."
ဦးအောင်မြင့်ရွှေ ရဲ့စကားကြောင့်...နံရံမှာချိထ်ထားတဲ့..နာရီကိုမော့ကြည့်လိုက်တော့..ညနေ(4)နာရီ..ရုံးဆင်းချိန်တောင်..ရောက်နေပြီပဲ...ဦးအောင်မြင့်ရွှေ ထံအာရုံကရောက်နေသဖြင့်..ဒီနေ့. အလုပ်ရော.လုပ်ခဲ့ရဲ့လားတောင်..ဝေခွဲမရဖြစ်နေမိသည်။

YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Romanceသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...