အပိုင်း(18)

345 20 6
                                    

ရုံးပိတ်​ရက်​မို့..ထွဋ်​မြတ်​ကု​ဋေ တစ်​​ယောက်​.လုပ်​စရာမရှိပဲ..​ယောင်​ချာချာဖြစ်​​နေ​လေသည်​။နှင်းသွဲ့က​တော့ ရုံးပိတ်​ရက်​မှာ.သူငယ်​ချင်း​တွေနဲ့​တွေ့ဖို့...မနက်​စာစားပြီးထွက်​သွားသည်​။ဦး​အောင်​မြင့်​​ရွှေတို့.ဇနီး​မောင်​နှံက​တော့..​နောက်​​နေ့ ချက်​စရာ​တွေဝယ်​ရင်း...လုပ်​ငန်းဆိုက်​ထဲကြည့်​ဖို့အတွက်​သွားကြရာ..ဦးစိုးနဲ့ ​မောင်​မျိုးပါ..လိုက်​သွားသဖြင့်​..တစ်​အိမ်​လုံးမှာ ထွဋ်​မြတ်​ကု​ဋေ နဲ့...​ရွှေသိမ်းပိုက်​သာ ကျန်​ခဲ့​တော့သည်​။

အခန်းထဲတွင်​​နေရတာ..ပျင်းလာသည်​မို့..ဧည့်​ခန်းမှာထိုင်​ပြီးသတင်းစာတစ်​​စောင်​ကို​ကောက်​ဖတ်​လိုက်​သည်​။ထိုင်​တာမှမကြာ​သေး...ဧည့်​ခန်းစားပွဲ​ဘေးက မှန်​တင်​ခုံ​ပေါ်တွင်​..ရှိ​သော..ကြိုးဖုန်း​လေးမှ .အသံမြည်​လာသည်​မို့..ထ၍ကိုင်​လိုက်​ရာ..ဖုန်းထဲမှ အသံချိုချို​လေးထွက်​​ပေါ်လာသည်​။

"ဟယ်​လို....ကိုကို..."

"ဟယ်​လို..ဘယ်​သူလဲမသိဘူးခင်​ဗျ..."

"ကိုကိုကလည်းကွာ..က​လေး အသံ​တောင်​..မမှတ်​မိ​တော့ဘူးလား.."

"ဗျာ..လူမှား​နေတယ်​..ထင်​တယ်​ဗျ..ခုက..ဘယ်​သူ့ကိုဆက်​တာလဲ.မသိဘူး..."

"ဒါ..ကို​ရွှေသိမ်းပိုက်​တို့..အိမ်​က..မဟုတ်​ဘူးလား.."

"ဟုတ်​ပါတယ်​..ခင်​ဗျ...ဒါ​ပေမယ့်​ ခု​ပြော​နေတာ​တော့..သူမဟုတ်​ဘူးခင်​ဗျ..."

"​သြော်​..ကိုကို..အိမ်​မှာရှိလား.."

"ဟုတ်​..ရှိပါတယ်​ဗျ..."

"ဒါဆို..​ပြော​ပေးလို့်​ရမလား..ဖုန်းစက်​ဖွင့်​​ပေးပါအုံးလို့.."

"ဗျာ..ဟို...အဲ့ဒါက.."

"​ပြောစရာ ရှိလို့ပါ.​..​နော်​..​ကျေးဇူးပြု၍.. "

"ဟုတ်​ကဲ့ ..​ပြော​ပေးပါ့မယ်​..."

တစ်​ဖက်​မှ..ဖုန်းလိုင်းကျသွားသည်​။မျက်​​မှောင်​ကြုတ်​ကာ..​ခေါင်းကို..ကုတ်​လိုက်​ပြီး..ထိုင်​ခုံ​ပေါ် အရုပ်​ကြိုးပြတ်​သလို..ပစ်​လဲချလိုက်​သည်​။မဖြစ်​နိုင်​ဘူးလို့..အစကတည်းကငြင်းလိုက်​ရင်​..ရရဲ့သားနဲ့...ငါကို..လျှာရှည်​မိတာ..စကားက..​ကောင်း​ကောင်းမွန်​မွန်​ တစ်​ခါမှ..​ပြောဖူးတာမဟုတ်​..ခုချိန်​သွား​ပြောလို့..​ကောင်း​ကောင်း​ပြောခဲ့ရင်​က.တစ်​မျိုး..စိတ်​မကြည်​တဲ့အချိန်​နဲ့..ညားလို့က​တော့..လွယ်​မည်​မထင်​..အ​တွေး​ပေါင်းများစွာ.​တွေးပြီး..ရင်​တမမနဲ့..​လှေကားထစ်​​လေး​တွေကို..​ဖြေး​ဖြေးချင်းနင်းပြီးတက်​ခဲ့သည်​။အခန်း​ရှေ့​ရောက်​​တော့..တံခါးမ​ခေါက်​ရဲ​သေး..နဖူးမှ​ချွေးများပင်​..ပြန်​လာရသည်​။တံခါး​ခေါက်​ဖို့.လက်​ရွယ်​လိုက်​စဉ်​..​အောက်​ထပ်​မှ..ဖုန်းကထပ်​မြည်​လာပြန်​တာ​ကြောင့်​..လန့်​ပြီး..ကိုယ်​​လေးပါ တွန့်​သွားရသည်​။

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now