(A/N:အပြုအမူပိုင်းဆိုင်ရာ မသင့်တော်ခြင်းများ ပါဝင်သဖြင့်..မဖတ်ချင်ပါက..ကျော်သွားနိုင်သည်..)
ထွဋ်မြတ်ကုဋေ တစ်ယောက်...ဦးအောင်မြင့်ရွှေ တို့ကုမ္ပဏီတွင်..၀င်ရောက်လုပ်ကိုင်နေသည်မှာ..(၂)လလောက်ပင် ရှိတော့မည်မို့...လုပ်ငန်းနှင့်ပတ်သက်တာမှန်သမျှကို..အားလုံးတတ်ကျွမ်းနေပြီဖြစ်သည်။အလုပ်ကြိုးစားသူမို့...ဦးအောင်မြင့်ရွှေ က သဘောကျသည့်အပြင်...ဖော်ရွေစွာပြောတတ်ဆိုတတ်...ကူညီလုပ်ကိုင်ပေးတတ်သောကြောင့်ဝန်ထမ်းများက. ချစ်ခင်ကြသည်။အင်ဂျင်နီယာဘွဲ့ဖြင့် ကျောင်းပြီးထားသည်မို့လည်း..လုပ်ငန်းကိစ္စ အ၀၀ကို.အများကြီးသင်ပြစရာ..မလိုသဖြင့်..အချိန်တို အတွင်းမှာ..နားလည်တတ်ကျွမ်းနိုင်တာပင်...အလုပ်သင်ကာလ(၁)လအတွင်းမှာ..ထူးခြားလှတဲ့..စွမ်းဆောင်ချက်တွေနဲ့တင်ပြချက်တွေကြောင့်...ဦးအောင်မြင့်ရွှေ က..လစ်လပ်နေသော အတွင်းရေးမှူးနေရာကို..ရှယ်ယာရှင်တွေနဲ့ မဲခွဲဆုံးဖြတ်ကာ..ထွဋ်မြတ်ကုဋေ ကို...ခန့်အပ်ခဲ့သည်။
ထိုခန့်အပ်မှူ့ကြောင့်..စိတ်တွေတိုကာ..ဆောက်တည်ရာမရဖြစ်နေသူကတော့...ရွှေသိမ်းပိုက်ပင်..ဒီကာလတွေအတွင်း..ထွဋ်မြတ်ကုဋေ နှင့်ယှဉ်ပြီးပြောဆိုနေမှူတွေကြောင့်...အရွဲ့တိုက်ပြီး..ညတိုင်းမူးရူးပြီး..ပြန်လာသည်မှာ...ယနေ့အချိန်ထိဖြစ်လေသည်။အတွင်းရေးမှူးခန့်အပ်လိုက်ပြီဆိုတဲ့ သတင်းကြောင့်..clubမှထလာကာ.....ကားကို ကုမ္ပဏီ ရှိရာသို့..ဒုန်းစိုင်း မောင်းနှင်လာခဲ့လေသည်။
အတွင်းရေးမှးူခန့်အပ်သည့်ပါတီကို..၀န်ထမ်းတွေချည်းပဲဆင်နွှဲနေသည်မို့...အပြင်လူတစ်ယောက်မျှမရှိချေ။ဦးအောင်မြင့်ရွှေက..ဂုဏ်ပြုပေးပြီး..လူငယ်တွေလွပ်လွပ်လပ်လပ်..ပျော်ပါစေဟူသော..ဆန္ဒ ဖြင့် အိမ်ကို..စောစောပြန်ခဲ့သည်။ရုံးအတွင်း..ဆူညံနေသော သံစဉ်များနှင့်အတူ...မြူးထူး..ကခုန်နေသော..၀န်ထမ်းများ..သီိချင်းတွေအော်ဟစ်သီဆိုပြီး..ပျော်မြူးနေကြလေသည်။ထိုစဉ်...နှင်းသွဲ့မှ...သီချင်းသံကို.ပိတ်ကာ...
YOU ARE READING
ခ်စ္မိသြားတဲ့အခါ(ချစ်မိသွားတဲ့အခါ)(Z+U)
Lãng mạnသေချာရဲ့လားလို့ပြန်လည်ဆန်းစစ်ရင်းနဲ့ အမှားတွေပြုလုပ်မိခဲ့တယ် အမှားဆိုတာ လူတိုင်းနဲ့ မကင်းဘူးဆိုတာသိပေမယ့် ကျွန်တော်မှားတဲ့အမှားက သူ့ ဘ၀ကိုအနုနည်းနဲ့သတ်သလိုဖြစ်နေမိတာ ခွင့်မလွှတ်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံးအကြိမ်လို့ သတ်...