အပိုင်း(13)

319 22 14
                                    

သာယာတဲ့ ည​နေခင်းတစ်​ခု..အိမ်​ခြံဝင်းထဲရှိခ​ရေပင်​​အောက်​က ခုံတန်း​လေး​ပေါ်မှာ..စာအုပ်​တစ်​အုပ်​ကိုဖတ်​ရင်းအိပ်​​ပျော်​သွားမိသည်​။

'တီ....တီ....'

ခြံ​ရှေ့က ..ကားဟွန်းသံ​ကြောင့်​ ​မောင်​မျိုးတစ်​​ယောက်​ ပန်းပင်​​တွေ​ရေ​လောင်း​နေရာမှ ​ပြေးကာ ခြံ​ရှေ့သို့သွားလိုက်​သည်​၊​မောင်​မျိုးလည်း..ကား​ပေါ်မှဆင်းလာတဲ့ စတိုင်​ကျကျမိမိုက်​​နေ​သော ခပ်​​ချော​ချော လူတစ်​​ယောက်​ကို ​ငေးကြည့်​​နေမိသည်​။

"​ဟေ့..."

"ဗျာ...."

"တံခါးဖွင့်​..."

"ဘယ်​သူလဲ မသိဘူးဗျ..."

"အဲ့ဒါငါ​မေးရမှာ...မင်းကဘယ်​သူလဲ...."

"ကျွန်​​တော်​က ဒီအိမ်​မှာ​နေတာဗျ....အစ်​ကိုက ဘယ်​သူလဲ မသိဘူး..."

"ငါက..ဒီအိမ်​ရဲ့ အိမ်​ရှင်​ပဲ..."

"ကျွန်​​တော်​ တစ်​ခါမှ မမြင်​ဘူးပါဘူး.."

"စကားရှည်​လိုက်​တာကွာ...တံခါးဖွင့်​ဆိုဖွင့်​စမ်း..."

"မဖွင့်​​ပေးနိုင်​ဘူးဗျ...ဘယ်​သူမှန်းမသိရပဲ.. .အိမ်​ထဲမ၀င်​ခိုင်းရဘူးလို့ ...အစ်​ကို​လေးက မှာထားတယ်​.."

"ဘာကွ...မင်းအစ်​ကို​လေးက ..ဘယ်​သူလဲ..."

"အစ်​ကို​လေး..နာမည်​​ပြော​တော့​ရော..ခင်​ဗျားက သိမှာမို့လို့လား..."

"ဟာကွာ...အိမ်​မှာ ..ဘယ်​သူမှမရှိကြဘူးလား..."

"အိမ်​သား​တွေမရှိဘူး...ကျွန်​​တော်​ နဲ့ အစ်​ကို​လေးပဲရှိတယ်​.."

"ဘယ်​သွားကြတာလည်း..."

"အဲ့ဒါ..ခင်​ဗျား ကို ​ပြောပြ​​နေရမှာလား..."

ရွှေသိမ်းပိုက်​ စိတ်​မရှည်​​တော့သဖြင့်​.. .ဖုန်းကို ထုတ်​ကာ..နံပါတ်​​တွေ..တစ်​ခုပြီးတစ်​ခု.. နှိပ်​ပြီးဆက်​​လေသည်​။

"ဘာလဲဟ...စက်​ပိတ်​ထားကြတာက.."

"ဒီမှာ...ခင်​ဗျား.. စတိုင်​ထုတ်​ပြီး..ဖုန်း​တွေဆက်​မ​နေနဲ့...ဟန်​ပြ​တွေလုပ်​​နေတာ...ကျွန်​​တော်​ယုံမယ်​ထင်​​နေလား..."

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now