အပိုင်း(25)

269 22 8
                                    

"လာစမ်း...ထွဋ်​မြတ်​ကု​ဋေ.. ."

"အား...နာတယ်​..ဂိုးလ်​.."

"တိတ်​တိတ်​​လေး.. လိုက်​ခဲ့..."

"ဒီ​လောက်​နာ​နေတာကို..ဘယ်​လိုလုပ်​..တိတ်​လို့ရမှာလဲ..."

"မင်းထပ်​​ပြော​နေမယ်​ဆို..ငါတစ်​ခုခု.လုပ်​မိမယ်​​နော်​..."

"................."

ကျွန်​​တော်​ အသံတိတ်​သွားရသည်​။သူ​တော်​​တော်​..စိတ်​တို​နေတာဖြစ်​မည်​..ထပ်​​ပြောလို့မဖြစ်​...စိတ်​တိုရတဲ့အ​ကြောင်းအရင်းကဘာလဲဆိုတာ..သိ​ပေမယ့်​လည်း တိတ်​​တိတ်​​လေး..​နေလိုက်​တာ..အ​ကောင်းဆုံး.ပင်​...ရုံးကိစ္စနဲ့အပြင်​ကို.ခနထွက်​တုန်း..လူအလစ်​မှာ..ဆွဲ​ခေါ်လာတာ​ကြောင့်​..​ရှောင်​တိမ်းချိန်​မရပဲ..လိုက်​လာခဲ့ရသည်​။လက်​ကို..အတင်းအကြပ်​ဆုပ်​ကိုင်​..ဆွဲ​ခေါ်လာပြီးကားတံခါးကို..ဖွင့်​ကာ..ကျွန်​​တော့်​ကို..ကားထဲသို့..ပစ်​ထည့်​လိုက်​သည်​။

'၀ုန်း......'

"အား...!"

"ဂိုးလ်​..."

"မင်းပါးစပ်​ပိတ်​ထား..ထွဋ်​မြတ်​ကု​ဋေ.. ."

"................"

"မင်းက..တစ်​ကယ်​ကို..မလွယ်​တဲ့​ကောင်​ပဲ..."

"ဘာကိုလဲ..ဂိုးလ်​...."

"ဘာကိုလဲ..ဟုတ်​လား...မင်းအ​စောကတည်းက ကြံစည်​ထားတာလား.."

"ဂိုးလ်​...ဘာကို..ဆိုလိုချင်​တာလည်း..."

"မင်း..ငါ့ကို..လှည့်​စားလိုက်​တာ​လေ..မ​နေ့က..​ဖေ​ဖေ မင်းကို..​ခေါ်​ပြောတယ်​ မဟုတ်​လား...မင်း..လက်​ခံလိုက်​ပြီလား..ဟမ်​....."

"..........."

"​ပြောစမ်း..ထွဋ်​မြတ်​ကု​ဋေ.. မင်း..ေ-ာက်​ပါးစပ်​ကြီး..ပိတ်​မ​နေနဲ့...."

ကျွန်​​တော့်​..ပုခုံးနှစ်​ဖက်​ကို..ဆွဲကိုင်​ လှူပ်​ရမ်းကာ..အားမလို..အားမရဖြစ်​ပြီး..​မေး​နေ​တော့သည်​။ကျွန်​​တော်​ဘာပြန်​​ဖြေသင့်​လဲ...ဒီ​​လောက်​ဆို..ကျွန်​​တော်​ငြင်းခဲ့တယ်​​​ဆိုတာ..ဦး​အောင်​မြင့်​​ရွှေ တို့က..​ပြောမပြထား​သေးဘူးထင်​သည်​။ကျွန်​​တော်​..ဘာမှပြန်​မ​ပြောပဲ..နှူတ်​ဆိတ်​​နေမိသည်​။စိတ်​ဆိုး​ဒေါသထွက်​​နေတဲ့.သူ့မျက်​နှာ..​ချော​ချော​လေးကို..​ငေးကြည့်​ရင်းနဲ့​ပေါ့...

ချစ်​မိသွားတဲ့အခါ(ချစ်​မိသွားတဲ့အခါ)(Z+U)Where stories live. Discover now